ကျောင်းပိတ်ရက်မလို့ အပြင်သွားချင်သော်လည်း ယွန်းဂီ အိပ်နေလောက်မှာကို မနှိုးရက်သဖြင့် ကျွန်တော်တစ်ယောက်တည်းသာ
အပြင်ထွက်လည်ဖို့စိတ်ကူးလိုက်သည်။ထို့နောက်ရေချိုးပီး မိုးပြာရောင် Kore အကျီလေးနဲ့ jeanအနက်ကလေးကိုတွဲဝတ်ကာ အောက်ထပ်ကိုဆင်းလာခဲ့သည်
"ဂျင် အစောကြီး ဘယ်သွားမလို့လဲ သား"
မေးလာသူကတော့ ဂျင်ရဲ့အဖေဖြစ်သည်...
"အပြင်သွားမလို့ ဖေဖေ"
"တစ်ယောက်တည်းလားသား ယွန်းဂီရောမပါဘူးလား "
"မပါဘူး ဖေဖေ ဒီအချိန်ဆိုသူအိပ်နေလောက်မှာ"
နှုတ်ခမ်းလေးစူကာ ပြောလာနေသော ဂျင်က ကလေးတစ်ယောက်ကဲ့သို့ အရမ်း ချစ်စရာကောင်းနေမှာ အသေအချာပင်
"အဆင်ပြေရဲ့လားသား ကားယူသွားမှာလား"
"ဟုတ် ဖေဖေ သားကားယူသွားလိုက်မယ် "
" ဂရုစိုက်သွားနော် သား"
"ဟုတ်ကဲ့"
သားအဖနှစ်ယောက် အပြန်အလှန် စိတ်မချတမ်းမှာနေကြတာကို ဘေးကနေပြုံးပြုံးကြီးနားထောင်နေသူကတော့ ဂျင့်အမေဖြစ်သည်။
တစ်ဦးတည်းသောသားလေးမလို့ ပိုးလေးလိုဥမွေးထားရသည့် ဂျင်လေးကလည်း တကယ်ကို ပိုးကောင်လေးလိုကြီးပြင်းလာခဲ့တာ
အခုချိန်ထိ မထိရက်မကိုင်ရက်စရာကောင်းအောင် ချစ်စရာကောင်းလှသည်မလို့ အဖေရောအမေကပါ တုန်နေအောင်ချစ်ကြသည်။
"ရှင်တို့သားအဖ စကားပြောလို့ ပီးဦးမှာလား ကော်ဖီတွေအေးကုန်တော့မယ် "
ခပ်ဆတ်ဆတ်လေး ဟန်ဆောင်ကာပြောလာတဲ့ ဂျင့်အမေကိုကြည့်ကာ တိုးတိုးလေးအနားကပ်ပြောလာတဲ့သူကတော့....
"မင်းအမေကသားကိုမနာလိုဖြစ်နေတာသားရေ ဖေဖေ့သားလေးက သူ့ဆီကနေ ချောတာလှတာတွေရော ဖေဖေ့ အချစ်တွေကိုပါ ရထားလို့လေ "
"ရှင် ဘာပြောလိုက်တယ် ကျွန်မကြားတယ်နော် ဟွန့်.. ကျွန်မသားက ကျွန်မနဲ့တူလို့ချောတာ ချောပါစေ"