Part-17(U & Z)

2.6K 248 27
                                    

Zawgyi........

အခုဆို ထယ်ယောင်းနဲ့ဟိုဆော့လဲ လက်ထပ်ပီးပီ သိပ်မ ကြာခင် ဂျီမင်းတို့လဲ လက်ထပ် ကြတော့မယ် ချစ်ရသူနဲ့ အတူနေရတော့မယ့်သူတွေက တော့ ပျော်နေ ကြတာပေါ့

ကျွန်တော့်ရဲ့လက်ထပ်ပွဲတုန်းကတော့ ပျော်ရွှင်မှုဆိုတာမရှိခဲ့ ဒါမဲ့ အခုတော့ ကျွန်တော်လဲ ချစ်တတ်လာသလို မောင်ကလဲ အရမ်းဂရုစိုက်တာမို့ ပျော်ရွှင်နေရပါပီ နောက်ပီး ယွန်းဂီကိုလဲသတိရနေမိသည်

^^^ယွန်းဂီ ဂျင့်ကို ပစ်ထားတာ ကြာပီနော် ဒီကနေထွက်သွားကတည်းက phတစ်ခါတောင်မခေါ်ဘူး တကယ်ဘဲနေနိုင်လွန်းတယ်

ဂျင့်ကိုစိတ်မပူတော့ဘူးလား ဂျင်ကတော့ အချိန်တိုင်းမဟုတ်ရင်တောင် တိုက်ဆိုင်မှုတွေရှိတဲ့အခါတိုင်း သတိရတယ် ယွန်းဂီ အဆင်ရော‌ပြေရဲ့လား ဂျင် ယွန်းဂီကို အရမ်းသတိရတယ်နော်^^^

အကုန်လုံး ချိန်းပီး အားလပ်ရက်ယူထားတာမို့ အိမ်ကို ထယ်ယောင်းတို့လင်လင်နဲ့ အကိုနမ်ဂျွန်းတို့အတွဲ လာလည် ကြမှာမို့ ဈေးသွားဖို့ ကျွန်တော်က နိုးနေပေမယ့် မောင်က အိပ်ချင်ယောင်ဆောင်နေဆဲ

"မောင် နိုးနေတာသိတယ်နော် ထတော့ ဈေးသွားမို့ လိုက်မှာလား"

"အိပ်ရာထစေချင်ရင် ချစ်တယ်လို့‌ပြော ဆော့ဂျင်မောင့်ကို ဘယ်တော့မှ ချစ်တယ်‌ပြောမှာလဲ"

"ဘာတွေမေးနေတာလဲ စောစောစီးစီး အ့လိုရစ်နေမယ်ဆိုနေခဲ့တော့ "

"မနေခဲ့ပါဘူး မမေးနဲ့ဆိုမမေးတော့ဘူး မောင်စိတ်မချဘူး ဒီက လှရက်လွန်းသူလေးကို"

"တအားတွေပိုလာတယ်နော်"

"လိုတောင်လိုသေးတယ် ချစ်တယ်လို့သာ‌ပြော ကြည့်လိုက် အခုထက်ပိုလာလိမ့်မယ်"

"တော်ပီ နောက်ကျရင် နေခဲ့ရမှာနော် ရေသွားချိုးတော့"

သူ့ကိုရေချိုးဖို့အတင်းလွှတ်နေတဲ့ဆော့ဂျင်ရဲ့ပါးလေးကိုရွှတ်ခနဲနမ်းပီး ဂျောင်ကုရေချိုးခန်းထဲ‌ပြေးဝင်သွားတော့သည်

ဆော့ဂျင်က အဝတ်အစားတောင်လဲပီးပေမယ့် ဂျောင်ကု ကတော့အခုထိရေချိုးခန်းထဲကထွက်မလာသေးပါ

Love At First Sight (Completed)Where stories live. Discover now