Part-3(U & Z)

2.8K 300 39
                                    

Zawgyi......

ကျောင်းမသွားခင် ကိုကိုနဲ့ breakfastစားမယ်ဟုကြံကာ အစောကြီးထပီး ပြင်ဆင်နေတုန်း ph vibrateအသံလေးကြောင့် အိပ်ယာပေါ်က ဖုန်းလေးကိုယူကိုင်လိုက်တော့

"Hello ဂျီလေး"

"ဟုတ်ကဲ့ ကိုကို"

ကိုကိုဆိုသူကတော့ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ချစ်ရသူပေါ့ သူ့နာမည်ကတော့ ကင်နမ်ဂျွန်းတဲ့ ကျွန်တော်နဲ့ ကိုကိုတွဲလာတာ ၅ လလောက်ရှိပီမလို့

တယောက်အကြောင်းတယောက်မသိတာမရှိသလောက်ကိုရင်းနှီးနေပါပီ ကျွန်တော်ကျောင်းစတက်တဲ့ရက်ကတည်းက ကျွန်တော့ကို ကိုကိုဘဲ အ​ကြိုအပို့လုပ်ပေးတဲ့ ကျွန်တော့်ရဲ့ ချစ်သူပေါ့........

"Babyလေး နိုးပီလား ကိုကို ဒီနေ့ကျောင်းလိုက်မပို့တော့ဘူးနော် နေ့လည်ကျရင်တော့ ကိုကို ထမင်းစားဖို့လာခေါ်မယ်နော်."

"ဟုတ် ကိုကို ရပါတယ် နေ့လည်ကျရင်တော့လာနော် ​ဂျီမျှော်နေမှာမို့."

"စိတ်ချနော် ဂျီလေး ကိုကိုလာခဲ့မယ် အရမ်းချစ်တယ်နော်"

"ဟုတ် ကိုကို ဂျီလဲ အရမ်းချစ်တယ်"

"ဒါဘဲလား ဂျီလေး ကိုကို့ကို အာ​ဘွား ပေးဦးလေ."

"ဟွန့် အာဘွား အာဘွား."

Phချသွားတော့ ဂျီမင်းလဲ Jkကို လာခေါ်ဖို့ပြောပီး JKနှင့်အတူ ကျောင်းလာခဲ့လိုက်သည်။

ကျွန်တော်တို့ စီးပွားရေး ဋ္ဌာနနှင့် ဆေးဋ္ဌာနက အရမ်းမဝေးလှ အမောင် Jkကတော့ နေ့တိုင်း ကိုယ့်ဋ္ဌာနက canteenမှာမထိုင်ဘဲ ဆေးကျောင်းဘက်သာ အမြဲသွားတတ်သည်

ဒီနေ့လဲ ကျွန်တော်တို့မနက်ပိုင်းအတန်းပီးချိန်မလို့ ဆေးကျောင်း ဘက်ကို ထုံးစံအတိုင်း နေ့လည်စာ လာစားကြသည် ကိုကိုကပါ ဆေးဘက်က canteenကိုလာခဲ့မယ်ဆိုတော့ ကျွန်တော် အံ့သြရသည်

မကြာလိုက်ပါဘူးမျှော်နေတဲ့ကိုကိုရောက်လာပါတော့သည် ကိုကိုနဲ့အတူစကားပြောရင်းလျှောက်လာတဲ့သူကြောင့် ကျွန်တော့်မှာ အံ့သြရသော်လည်း Jkကတော့ phကလိရင်း အအေးဗူးကို ပိုက်နဲ့ဆော့ကာငုံ့သောက်နေတော့ မသိရှာ

Love At First Sight (Completed)Donde viven las historias. Descúbrelo ahora