Part-10(U&Z)

2.4K 247 39
                                    

Zawgyi........

"ယွန်းဂီ ဂျင်လက်ထပ်ရတော့မယ်"

ကြားလိုက်ရတဲ့စကားက နားထဲသံရည်ပူလောင်းချခံသလို လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားခဲ့သည်

"ဘယ်သူနဲ့လဲဂျင် ကိုယ်လဲ ဘာမှမသိရပါလား"

"ဂျင်လဲမနေ့ကမှ သိတာ ဖေဖေတို့စီစဉ်တာ ဂျင့်မှာငြင်းခွင့်မရှိဘူးတဲ့ ယွန်းဂီ"

"ဂျင်နဲ့လက်ထပ်မှာ ဘယ်သူလဲ"

"ဂျွန်ဂျောင်ကု"

"ဘာ....ဘယ်လိုဖြစ်သွားတာလဲ ဂျင် ကိုယ်နားကြားမလွဲပါဘူးနော် "

"ယွန်းဂီကြားတာ အမှန်ပါ ဂျင် သူနဲ့လက်ထပ်ရတော့မယ်"

အားနာလိုက်တာ ယွန်းဂီရယ် ဂျင့်အပေါ်သူငယ်ချင်းထက်ပိုတာကို အနည်းငယ်ရိပ်မိပေမယ့်

ဂျင်က ညီအကိုအရင်းလိုသူငယ်ချင်းလိုဘဲချစ်တာမလို့ မသိချင်ယောင်ဆောင်နေမိတယ်

ဖွင့်‌ပြောလာမှာကိုလဲ ‌ကြောက်နေမိတယ် သူငယ်ချင်းထက်မပိုနိုင်ဘူးဆိုတဲ့အ‌ဖြေပေးခဲ့ရင်

သံယောဇဉ်လေးတွေပြတ်တောက်သွားမှာ‌ကြောက်တယ် ယွန်းဂီက ဂျင့်အတွက် အရင်းနှီးဆုံးသူငယ်ချင်းပါ

^^^ကိုယ်တကယ်ဘဲ အရမ်းနောက်ကျခဲ့ပီလား

တယောက်တည်းတီးတိုးပြောမိတဲ့စကားလေးရယ်ပါ ပြောမပြရဲခဲ့တဲ့စကားတွေအခုချိန်ပြောဖို့လဲနောက်ကျခဲ့ရပီ

အစကတည်းက ကိုယ်က ဂျင့်ကိုချစ်ပေးဖို့သက်သက်ပါ အခုလဲ ရင်တွေကွဲမတတ်နာကျင်နေရပေမယ် ကိုယ်အတတ်နိုင်ဆုံးပြုံးထားတယ်

သူငယ်ချင်းအဖြစ်နဲ့တစ်သက်လုံးရှိချင်တာမို့ ကိုယ် နှုတ်ဆိတ်နေရုံကလွဲ တခြားမရှိ^^^

"ယွန်းဂီ ဘာပြောလိုက်တာလဲ "

"မဟုတ်ပါဘူး ကိုယ် အပြင်ခနသွားဦးမယ်နော် ဂျင် နေ့လည် ဂျင် ထမင်းစားမယ့်အချိန် အမှီပြန်လာခဲ့မယ် အန်ကယ့်ကိုပြောထားပေးဦး"

"ဘယ်သွားမလို့လဲ ဂျင်လဲ လိုက်မယ်လေ "

"မလိုက်ခဲ့နဲ့ဂျင် ကိုယ် ဒယ်ဒီ့ companyသွားမှာမို့ အရေးကြီးလို့ "

Love At First Sight (Completed)Dove le storie prendono vita. Scoprilo ora