Zawgyi......
Airportကအ ပြန် တစ်လမ်းလုံးစကားမပြောဘဲ ငြိမ်နေတဲ့ သူ့ရဲ့ ချစ်ရသူလေးကြောင့်ဂျောင်ကုတစ်ယောက်ဘယ်ကနေစကားစရမှန်း မသိဖြစ်နေတော့သည်
စဉ်းစားရင်း အစားအသောက် ကြိုက်တဲ့ သူ့ယောကျာ်းကို စကားစပြောဖို့အကြောင်းရင်းတွေ့လာရတော့သည်
"ခင်ဗျား မနက်ကလဲဘာမှမစားရသေးဘူး ဘာစားမလဲ မောင် ဘယ်ဆိုင်မှာကားရပ်ပေးရမလဲ"
သူ့ကိုယ်သူမောင်လို့သုံးလာတဲ့ဂျောင်ကုကြောင့်ဆော့ဂျင်ကြောင်သွားပေမယ့် မနေ့ညက ဂျောင်ကုပြောထားတာကိုသတိရလိုက်သည်
^^^မောင်တဲ့လား မခေါ်ချင်ပါဘူး ချစ်လို့ယူထားတဲ့သူတွေလဲမဟုတ်ဘဲနဲ့ မခေါ်ဘဲနေ ပြန်ရင်လဲ မနေ့ညကလို ထပ်နမ်းခံရဦးမယ် စိတ်ပျက်လိုက်တာ^^^
"မစားတော့ဘူး အိမ်ဘဲ ပြန်ပို့ပေး ခေါင်းကိုက်နေတယ်"
"ကိုက်မှာပေါ့ ခင်ဗျား ဒီလောက်ငိုထားတာ ညကလဲ အိပ်ရေးပျက်တယ်မလား"
"ရန် ဖြစ်ရဦးမှာလား ခနစောင့် ငါခေါင်းကိုက်နေလို့ "
စိတ်ပူလို့ပြောလို့ပြောမှန်းမသိနဲ့ ဥာဏ်အရမ်းကောင်းတဲ့ဆရာဝန်လေးက အခုကျတော့လဲ ကလေးသာသာလေး
"ဘယ်သူမှ ရန်မ ဖြစ်ချင်ဘူး ခင်ဗျား ဆေးသောက်ဖို့ တစ်ခုခုစားရမယ်လေ "
"အိမ်ရောက်မှ တစ်ခုခု ချက်စားမယ် မဝယ်နဲ့တော့"
"မရပါဘူး ခင်ဗျားနေမကောင်းတာကို မောင်က အပင်ပန်းခံခိုင်းရဦးမှာလား မရဘူး"
"အပိုတွေပြောမနေပါနဲ့ "
စိတ်ထဲမှာတော့ ကြည်နူးမိသလို ဒါပေမယ့် တယူသန်အတွေးတွေ အ မြင်တွေကိုတော့ မဖျောက်ဖျက်နိုင်
"ခနစောင့်နော် ကားပေါ်ကနေဆင်းမလာနဲ့ ကြက်ကြော်နဲ့ ဘာဂါဝယ်လာခဲ့မယ် "
"အွန်း"
သူ့အတွက် ကြက်ကြော်ဝယ်ဖို့ ဆိုင်ထဲပြေးဝင်သွားတဲ့ ဂျောင်ကုနောက်ကျောကို ကြည့်ရင်း ရင်ခုန်သံတိုးတိုးလေးထွက်ပေါ်နေတာကိုဆော့ဂျင်သတိမထားမိ