Part-9 (U & Z)

2.3K 250 43
                                    

Zawgyi......

ကျွန်တော် နဲ့ ထယ်ယောင်းတို့ အလုပ်တူတူလုပ်လာတာ နှစ်ပတ်လောက်ရှိတော့မယ်ဆိုတော့ အတော်ရင်းနှီးနေကြပီ
ယွန်းဂီကတော့ မပါဘူးပေါ့ဗျာ ဘာကြောင့်မှန်းမသိ အမြဲထယ်ယောင်းကိုသူကြည့်မရ

"ဂျင် ကျွန်တော်တို့ ပိတ်ရက်ကျရင်လျှောက်လည်ရအောင်"

"ထယ် ဒီပိတ်ရက် မင်း အိမ်လာလည်မယ်ဆို ငါ မာမီ့ကိုပြောပီးသားလေ "

"နောက် တစ်ပတ်မှလာခဲ့တော့မယ်"

ထယ်ယောင်းစကားကြောင့်ဟိုဆော့မျက်နှာလေးငယ်သွားတာကို ဂျင်မြင်ဖြစ်အောင်မြင်လိုက်သည်

"မဟုတ်တာ ထယ်ယောင်း.... ဟိုဆော့တို့အိမ်ကို အရင်သွားလည်လိုက်ပါ လူကြီားမျှော်နေမှာပေါ့"

"ဒါပေမယ့် ကျွန်တော် ဂျင့်ကိုပြောစရာရှိတယ် "

"ပြောစရာရှိရင် ဒီမှာပြောလေ မင်းက ဘာလို့ ဂျင်နဲ့ နှစ်ယောက်တည်းတွေ့ရမှာလဲ"

ယွန်းဂီ ရင်တွေ တအားပူနေပီမလို့ မနေနိုင်ဘဲ ဝင်တားမိသည်

"Hyungနဲ့ ဆိုင်လို့လားဗျ ကျွန်တော်ပြောမှာ ဂျင့်ကိုလေ "

"ဂျင်က ငါ့သူငယ်ချင်း သူနဲ့ပက်သက်သမျှငါနဲ့ဆိုင်တယ်"

"တော်ပီ ယွန်းဂီရော ထယ်ယောင်းရော ကလေးတွေလို လုပ်မနေကြနဲ့"

ယွန်းဂီစိတ်တိုနေတာသိနေပီမလို့ ဂျင် သူ့ဘေးနားသွားထိုင်ရင်း

"ထယ်ယောင်းက ဒီတစ်ပတ် ဟိုဆော့အိမ်လိုက်သွားလိုက်ပါ နောက်မှ အပြင်သွားလည်တာပေါ့ "

သူ့စကားကို အပြုံးလေးနဲ့ထောက်ခံကာ မျက်လုံးဝင်းဝင်းလေးတွေက ဟိုဆော့အပျော်တွေကိုညာမရ

"ယွန်းဂီ လာ ဒီည ဂျင်တို့ night duty ကျမလား scheduleသွားကြည့်ရအောင် "

သူ့လက်ကိုဆွဲ ကာ ထယ်ယောင်းတို့နဲ့ဝေးတဲ့အခန်းပြင်ခေါ်ထုတ်လာခဲ့သည်

သူ့ကြောင့်အမြဲ ရန်ဖက်တွေလိုဖြစ်နေတဲ့ယွန်းဂီနဲ့ထယ်ယောင်းကြောင့် နားမလည်နိုင်တဲ့ ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းနေရသလိုဖြစ်နေလေရဲ့......
               
                    ************
"အားလုံးဘဲ မဂ်လာပါ ကျွန်တော်က Jeon groupရဲ့ CEO တစ်ယောက်ဆိုတာ အားလုံးသိပီးသားပါ

Love At First Sight (Completed)Where stories live. Discover now