Part(10)

4.8K 439 12
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆
𝒁𝒂𝒘𝒈𝒚𝒊

မနက်မိုးလင်းတာနဲ့ ဖွင့်အိပ်နေကျ ပြတင်းပေါက်လေးက ဖြာကျလာတဲ့နေရောင်ခြည်၊ ဘေးအိမ်က ကိုတုတ်ကြီးရဲ့ ကြက်ဖတွန်သံ၊ ပဲပြုတ်သည် ဒေါ်ပုမ၏ အသံစူးစူးတို့ကြောင့် လရောင်နိုးလာခဲ့သည်။

ဒီနေ့နိုးတာမဆိုသ‌လောက်လေးနောက်ကျသည်။ ညညဆို အိပ်မရတာကိုယ်သာအသိဆုံး။ စိတ်ညစ်ပြေ မှီခိုနေရတဲ့ နီကိုတင်းတွေကလည်း မနည်းလှ။ အကြောင်းအရင်းမရှိပါပဲ အိပ်မရတဲ့ညတွေကြောင့် မနက်ဆိုမနိုးတော့တာ တစ်ပတ်နီးပါးကြာခဲ့ပြီ။ သဲဒိုင်မှာ အလုပ်မလုပ်တော့၍သာ တော်လှသည်။ မနက်မိုးလင်းတာနဲ့ သတိရတာလား စိုးရိမ်တာလားမသဲကွဲတဲ့စိတ်ကြောင့် ခေါင်းကိုဖိရင်း စိတ်ပျက်စွာ..

“ကျစ်! လူဆိုးကောင်ကို မတွေ့ရတာ တစ်ပတ်လောက်ရှိပြီ..အာ..လရောင်ရေ မင်းတော့ရူးပြီး ဟိုကမင်းကိုသတိမရလို့လာမတွေ့တာပေါ့”

“မင်းကရော ဘယ်ကမှန်းမသိတဲ့လူကို စိတ်ပူသလိုလို သတိရသလိုလို ဘာလို့ဖြစ်နေတာလဲ”

“မင်းကရော ဘာလို့သူ့‌အကြောင်းတွေးတာနဲ့ အခုန်မြန်လာရတာလဲ..”

ဘယ်ဘက်ရင်ဘတ်ကို လက်ဖိပြီး အထဲကအကောင်ငယ်ကို စိတ်ပျက်စွာပြောနေမိသည်။

“တော်ပြီကွာ ထတာပဲကောင်းတယ်..မင်းလုပ်လို့ ဒေါ်ပုမရဲ့ ပဲပြုတ်မစားရတာကြာပြီ လူဆိုးကောင်ရေ”

တစ်ယောက်ထဲ ခေါင်းကုတ်ပြီး အမေးအဖြေလုပ်နေပါသော လရောင်ကို တခြားသူတွေမြင်ရင်အရူးလို့ထင်ကောင်းပေမယ့်..ကိုယ့်အလွမ်းဧရိယာမှာ ကိုယ်သာရှိတာမို့ လရောင်တစ်ယောက်ထဲ တစ်ကမ္ဘာတည်နေမိသည်။

လရောင်ရေချိုး၊ခေါင်းလျှော်ပြီး ထမင်းချက်ရန်ပြင်လိုက်သည်။ ကိုယ်မှမချက်ရင် ငတ်မည်သာ။ မေမေရှိတုန်းကလို အရန်သင့်ရှိမနေ။ မေမေ့ယောင်္ကျားဆိုတဲ့လူလည်း အိမ်ပြန်မလာတာ လရောင်နဲ့ရန်ဖြစ်တဲ့နေ့ကတည်းကမို့ လရောင်မဆိုသလောက်လေးစိတ်ချမ်းသာနေမိသည်။

ရေလဲပုဆိုးတစ်ထည်သာဝတ်ထား၍ လရောင်၏တောင့်တင်းတဲ့ကြွက်သားနှင့် ရင်အုပ်ကျယ်ကျယ်တို့ကအတိုင်းသား။ ကြွက်သားတွေပေါ်မှာ တွဲလွဲခိုနေသည့် ရေစက်တချို့က လရောင်ကိုပိုဆွဲဆောင်မှုရှိစေသည်။ ရေစိုနေသည့် ခေါင်းပေါ်မှာတဘတ်တစ်ထည်သာတင်ထားပြီး ခြောက်အောင်တော့မသုတ်ထား။

𝐍𝐚𝐮𝐧𝐠  𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚Where stories live. Discover now