Part (22)

3.9K 351 33
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆
𝒁𝒂𝒘𝒈𝒚𝒊

“ဒီပေါက်လို့ပဲစားကောင်ကို ဒယ်ဒီကသည်းခံခိုင်းနေတာလား ကျွန်မ သည်းမခံနိုင်တော့ဘူး ဒယ်ဒီ”

“သည်းမခံလို့မရဘူး ရူပါ ဒီအချိန်မှာ ကနောင်က သူ့ဘက်က..သမီးလုပ်ရမှာက ကနောင်ကိုရအောင်မြူစွယ် အဲ့တာမှ မင်းနေချင်တဲ့ ရွှေဘုံရွှေနန်းနဲ့နေရမှာ”

ရူပါထွဋ်မောင် လွယ်လွယ်နဲ့ သဘောတူလိုက်သည်။ အကြောင်းက ဒီမြေခွေးနီဂိုဏ်းက ကနောင့်အပိုင်ဖြစ်တဲ့အပြင် ငွေဖြူငွေမဲများစွာပိုင်နေတဲ့ ကနောင်ကိုရရင် ရွှေတွင်းရသလိုပဲမှတ်လား။ ဒယ်ဒီမှာ ပိုင်ဆိုင်မှ ဘာမျှမရှိတော့တာလည်း သူမအသိဆုံး။ ပြစ်ခဲ့တုန်းက ပြစ်ခဲ့ပြီး လိုနေချိန်မှပြန်ကောက်တာ ရူပါထွဋ်မောင်တို့ သားအဖအကျင့်။

“ကျွန်မ ရှင့်ကို အပိုင်ယူပြမယ် ဒါလင်”

ဒေါက်! တီ!

လှေကားထိပ်က တံခါး၌ လျှိုဝှက်နံပါတ်ကိုမသိ၍ ရူပါထွဋ်မောင်အခက်တွေ့နေသည်။ လျှိုဝှက်နံပါတ်ဖွင့်မရ၍ တတီတီ တတောင်တောင်မြည်နေသည်။

“ဘယ်စောက်ရူးက ဒီလိုတွေလုပ်ထားတာလဲ”

“ကျစ်! ဘယ်ကောင်က တံခါးကို အားယားပြီး လာလုပ်နေတာလဲကွာ”

တတီတီ တတောင်တောင်မြည်သံကြောင့် နားပါးလွန်းတဲ့ ကနောင်နိုးလာခဲ့ပြီး ခါးပေါ်က လရောင်ဖက်ထားတဲ့ လက်ကိုအသာလေးချကာ နှဖူးလေးကိုအနမ်းပေးပြီး ‌အသံလာရာဆီကိုထွက်လာခဲ့သည်။

ကျွီ!

“ဘာစောက်ဇယားလာရှုပ်တာလဲ ရူပါထွဋ်မောင်!”

“ဇယားလာရှုပ်တာမဟုတ်ဘူး ဒါလင် ကျွန်မတို့ ဒုတိယအထပ်မှာ ရေမလာလို့"

“အဲ့တော့ ငါကရေပိုက်ပြင်ပေးရမှာလား”

တဘတ်တစ်ထည်သာပတ်ထားပြီး ယောင်္ကျားလေးတွေရှိတဲ့ အိမ်မှာလျှောက်သွားနေတဲ့ သူမကိုကနောင်ကြည့်မရ၍ ခပ်ရွဲ့ရွဲ့သာပြန်ပြောလိုက်သည်။

“မဟုတ်ပါဘူး ဒါလင်ရယ် ကျွန်မသွားစရာရှိလို့ ရေချိုးမလို့ ဒါလင့်အခန်းကိုလိုက်ခဲ့လို့ရမလား”

𝐍𝐚𝐮𝐧𝐠  𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚Où les histoires vivent. Découvrez maintenant