Part (21)

3.9K 354 50
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆
𝒁𝒂𝒘𝒈𝒚𝒊

“ဒါက ကိုယ်နဲ့ ရူပါထွဋ်မောင် အကြောင်းပဲ သျှင်.. မင်းကိုအထင်မလွဲစေချင်ဘူး သျှင်..မင်းသူ့ကို စိတ်ခုရင်ကြိုက်တဲ့နေရာမှာ ကြိုက်သလိုသတ်ခဲ့လိုက် သျှင်..ကျန်တာကိုယ့်တာဝန်ထား”

“အင်းပါ နောင်ရယ် ငါက မင်းရဲ့အတိတ်တွေကိုဂရုမစိုက်ဘူး အနာဂတ်ကိုအတူဆေးခြယ်မှာ.. အခုတော့မုန့်စားပြီး အဝတ်အစားပြန်လဲလိုက်..မင်းကိုယ်က ချိုအီအီအနံ့တွေလှိုင်ထွက်နေတယ်”

“အင်း အခုသွားလဲလိုက်မယ်”

ထထွက်သွားတဲ့ နောင်ရဲ့လက်ကို နောက်ပြန်ဆွဲကာ...

“မင်းလည်းတစ်ခုမှတ်ထား နောင်..ငါမင်းကိုအတုအယောင်တွေမပေးဘူး ပြီးတော့ ငါမင်းကိုယုံတယ်”

“အင်း”

တစ်ဖက်လှည့်ကာ ပါးခွက်တွေပေါ်သည်အထိပြုံးပြီးအပေါ်သို့တက်သွားသည်။

ကြားထဲကပွဲကြည့်နေတဲ့နှစ်ယောက်အသံက အခုမှထွက်လာသည်။

ဗညား..”ဟိန်း ကနောင်ကပြုံးသွားတာလား”

ဟိန်း..”အေးဟ ငါလည်းမြင်လိုက်တယ်”

လရောင်ရှေ့က ကြောင်စီစီဖြစ်နေတဲ့နှစ်ကောင်ကို ရယ်ရမလား အရယ်အပြုံးနည်းသည့်ချစ်ရသူကိုပဲကျေးဇူးတင်ရမလား ဝေခွဲမရဖြစ်နေသည်။

ဗညား..”လရောင် မင်းခုနကတွေ့လိုက်တာ သဝန်မတိုဘူးလား”

“…”

နောင့်အပေါ် ရူပါထွဋ်မောင်တက်ထိုင်နေတာကို အခန်းထောင့်က လရောင်မြင်လိုက်တာကို  ထိုဘက်ကိုမျက်နှာမူထိုင်နေသည့် ဟိန်းနဲ့ဗညားကလည်း မြင်လိုက်သောကြောင့် ထိုသို့မေးခြင်းပေ။

“မတိုဘူးပြောရင် ငါလိမ်တာ ဗညား..ငါ့မှာသဝန်တိုစိတ်ထက် နောင့်ကိုချစ်တဲ့စိတ်ကပိုလို့ ငါမမြင်ချင်ယောင်ဆောင်ခဲ့တာ ပြီးတော့ နောင် မပြောပြရင် သူတို့ကြားကကိစ္စတွေကို ငါမသိချင်လို့ မမေးခဲ့တာ”

“အော်”

ဗညားတစ်ယောက် အော်တစ်လုံးသာဆိုနိုင်သည်။ လရောင်သျှင်ရဲ့ ကနောင်အပေါ်မှာချစ်တဲ့အချစ်က ရယူခြင်းမဆိုသာတဲ့ ပေးဆပ်ခြင်းဆိုတာလည်း ဘေးကနေကြည့်နေတဲ့ သူတို့အဖို့နားလည်‌ရသည်။ ‌ကနောင်ကလည်း အပြည့်မယုံရဲပေမယ့် မချစ်တာတော့မဟုတ်ဘူးလေ။

𝐍𝐚𝐮𝐧𝐠  𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚Where stories live. Discover now