Part (33)

4.3K 336 36
                                    

𝑼𝒏𝒊
𝒁𝒂𝒘𝒈𝒚𝒊

သားငယ်ကိုချီပြီး မိန့်ခွန်းဆက်ပြောတော့ လူတွေရဲ့အံ့ဩရိပ်ပါတဲ့အကြည့်တွေကို မြင်ရသည်။ အောက်ကသားငယ်ကလည်း ကျွန်တော်ရင်ဘတ်ကရင်ထိုးကို ဆော့ကာ တခစ်ခစ်ဖြင့်။ သားကြီးကို လှမ်းကြည့်တော့ သျှင်ဆီပြန်ရောက်နေပြီး ကျွန်တော်ကို အားကျသလိုကြည့်နေသည်။ ကျွန်တော့်သားကြီးက အနေအေးတာလည်းပါတာပေါ့။

မိန့်ခွန်းပြောပြီး သတင်းထောက်တွေရဲ့ အမျိုးစုံကြိုးခုန်နေတဲ့ မေးခွန်းတွေကိုဖြေရမည်။
"CEOရှင့် လက်ထဲကကလေးလေးနဲ့ ဘာတော်လည်းရှင့်"

"ဒါ ကျွန်တော့်သားငယ် လင်းတိမ်ရောင်"

"သားကြီးရှိသေးလို့လား CEOရှင့်"

"ရှိတယ် ခဏ.."
ကနောင်ဆင်းကာ လရောင်နဲ့ သားကြီးကိုပါ တစ်ပါတည်းခေါ်လာခဲ့သည်။

"ဒါကျွန်တော့်အမျိုးသား လရောင်သျှင် ‌
ဒါကကျွန်တော့်သားကြီး ရှင်းတိမ်ရောင်"

ကနောင်ဆိုတာ ဒီလိုမျိုးပင် မေးခွန်းအများကြီးကို တစ်ခါထဲပေါင်းဖြေသည့် လူပင်။

သတင်းစာရှင်းလင်းပွဲပြီးတော့ နေ့ခင်းရောက်နေသောကြောင့် နေ့လည်စာပါ တစ်ခါထဲကျွေးလိုက်သည်။

နေ့လည်စာစားစဉ် ကနောင်တို့ ဝိုင်းကို သိသိသာသာရော မသိမသာပါသေချာကြည့်သည်။

ကလေးတွေကို အာဟာရဖြည့်စွက်စာခွန့်နေသည့် လရောင်ကို steakခွန့်နေသူက ကနောင်ဖြစ်သည်။ ထိုမိသားစုလေးရဲ့ အေးချမ်းမှာနဲ့ နွေးထွေးမှုကို အနားကလူတိုင်းခံစားရမှာအမှန်ပင်။

တီ! တီ!
ကနောင်ဖုန်းလာ၍ အပြင်ကိုထွက်ပြောကာ အရေးတကြီး ခြေလှမ်းကျဲကျဲဖြင့်ပြန်လာပြီး..
"သျှင် ဒက္ခိနွယ်ကဖုန်းဆက်တာ ဖွားဖွားသတိလစ်သွားလို့တဲ့"
"ငါတို့သွားကြမလား နောင်"
"သွားမယ် အခု"

လူငါးယောက်ထွက်သွားမှ တွတ်ထိုးကာ စကားပြောကြသည်။
G1.."မထင်ထားဘူးဟယ် ငမ်းမလို့ပါဆို ရှပြီ"
G2.."မိုက်တယ်ဟ sekeပုံစံကြီး ဟိ"
G3.."ကလေးလေးတွေက ချစ်စရာလေးတွေ ကျွန်မရဲ့ အနာဂတ်အမျိုးသားလောင်းလေးတွေ"
G1.."မိသားစုလေးက ချစ်စရာကောင်းချက်ပဲ"
"အေး ဟုတ်တယ်"×2

𝐍𝐚𝐮𝐧𝐠  𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚Where stories live. Discover now