Part(15)

4.7K 395 35
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆
𝒁𝒂𝒘𝒈𝒚𝒊

နောင်အခန်းထဲကထွက်သွားကတည်းက လရောင်သည် ဟိန်း၊ဗညားတို့နဲ့ စကားဖောင်ဖွဲ့နေမိသည်။ ထိုစဉ် သူတို့ရဲ့ကြိုးဝိုင်းချိန်ဆိုလား ဘာဆိုလားဆီကိုရောက်လာသည်။ ကြိုးဝိုင်းဘေးမှာ ထိုင်ရင်း ကြိုးဝိုင်းထဲကလူနှစ်ယောက်ကိုကြည့်နေမိသည်။ သူတို့ပြောပြချက်အရ တစ်ပတ်တစ်ခါ ကြိုးဝိုင်းထဲဝင်ပြီး ကစားရတယ်။ ရှုံးတဲ့သူက ပြန်လေ့ကျင့်ရပြီး နိုင်မှ သေနတ်ပြစ်ကွင်းဘက်သို့ကူးခွင့်ရသည်။

ကိုယ်က နောင် ဆိုတဲ့သူတို့ခေါင်းဆောင်နဲ့လာတာဆိုတော့ သေနတ်ကွင်းထဲကို အရင်ဝင်ခွင့်ရခြင်းကို တချို့က ခပ်သော့သော့လှောင်‌နေကြသည်။ လှောင်သံတွေကြားနေတဲ့ ဟိန်းနဲ့ဗညားက ဖင်တကြွကြွဖြစ်လို့နေသည်။

“အဟက်! ဟိန်းနဲ့ဗညားထိုင်နေ ရတယ် ငါဖြေရှင်းလိုက်မယ်..ဒါနဲ့ အားကစားဘောင်းဘီရှိလား ကြိုးဝိုင်းထဲဝင်မလို့”

ဟိန်း..”ရော့ ဒါကအသစ်”

လော်ကာထဲက ဘောင်းဘီအနက်ရောင်တစ်ထည်ထုတ်ပေးလိုက်သည်။

ဘောင်းဘီလဲပြီး လရောင်ကြိုးဝိုင်းထဲဝင်သွားသည်။

“ခုနက လှောင်နေတဲ့ကောင်တွေ တစ်ယောက်ချင်းဆီတက်ခဲ့”

B1..”ဟ ဟုတ်မှလည်းလုပ်ပါ..တစ်ယောက်ထဲနဲ့မှောက်မယ့်ပုံနဲ့”

“ခွီ..ဟဟ”

ကျန်တဲ့ကောင်တွေက ‌ဝိုင်းလှောင်ကြသည်။

“တက်ခဲ့ကြ မင်းတို့အပြောကို ‌စောက်ဂရုမစိုက်ဘူး နောင် ကြောင့်သေနတ်ပြစ်ခန်းထဲဝင်ရတာမှန်ပေမယ့် ငါ့အရည်အချင်းကိုကြည့်ပြီးမှ ဆက်လှောင်”

“အိုကေ..အိုကေ လဲသွားမှမငိုနဲ့”

“အဟက်! ထုံးစံမရှိဘူး”

ဟိန်းနှင့်ဗညားသဘောကျလို့နေသည်း သူတို့ရှေ့က လရောင်သျှင်ဆိုတဲ့လူဟာ သိပ်သန်မာသည်။ လူဆယ်ယောက်ကို ကစားသလိုပဲ ရိုက်ချသွားတာဆိုတော့..။

ကနောင် မင်းရွေးထားတဲ့လူဟာ မပျော့ညံ့နေလို့ မင်းအတွက်ဂုဏ်ယူပါတယ်။

𝐍𝐚𝐮𝐧𝐠  𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚Tempat cerita menjadi hidup. Temukan sekarang