Part (24)

3.9K 322 22
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆
𝒁𝒂𝒘𝒈𝒚𝒊

“မွ အိပ်မက်လှလှမက်ပါစေ သျှင်..

အမှန်တရားကို သိတဲ့အချိန်ကျ ကိုယ့်ကိုမစွန့်လွှတ်လိုက်ပါနဲ့ သျှင်..

မင်းလုပ်ထားတဲ့ အရာမဟုတ်လို့ မင်းထွက်မသွားပါနဲ့ သျှင်..

ကိုယ့်ကြောင့် လူဆိုးလေးဖြစ်လာခဲ့တဲ့ မင်းကို ကိုယ်တောင်းပန်ပါတယ်..

ကိုယ်က လိမ္မာလို့မရတော့ဘူး သျှင် အဲ့‌တာကြောင့် အတ္တကြီးစွာနဲ့ပဲ မင်းကို လူဆိုးလေးသာဖြစ်စေချင်တယ်”

နှဖူးကိုနမ်းကာ တီးတိုးစွာရေရွတ်နေတဲ့ ကောင်လေးမသိလိုက်တာက အိပ်မပျော်သေးတဲ့ကောင်လေးဟာ သူ့အသံတွေကြားနိုင်တယ်ဆိုတာကို..။

လရောင်အိပ်မပျော်သေးပေမယ့် အိပ်ချင်နေတာကြောင့်မျက်စိမှိတ်ထားလိုက်သည်။ ချစ်ရသူရဲ့ တစ်ကိုယ်တည်း ရေရွတ်နေတဲ့ အသံတချို့ကို ခိုးနားထောင်ဖို့လည်းမရည်ရွယ်ခဲ့ပေမယ့် ချစ်ရသူပြောနေတာကို လရောင် သေချာမသိပေမယ့် ချစ်ရသူ‌မျက်နှာညှိုးနေမှာကိုတော့ အသေအချာသိသည်။

ချစ်ရသူရဲ့ ခပ်အက်အက်အသံလေးသည် ‌လရောင်အဖို့ မျက်ရည်ဥတို့ကြွေကျသည်အထိစွမ်းနိုင်သည်။ နောက်ဆုံးစကားက ဘာတဲ့..

ကိုယ့်ကြောင့် လူဆိုးလေးဖြစ်လာခဲ့တဲ့ မင်းကို ကိုယ်တောင်းပန်ပါတယ်..
ကိုယ်က လိမ္မာလို့မရတော့ဘူး သျှင် အဲ့‌တာကြောင့် အတ္တကြီးစွာနဲ့ပဲ မင်းကို လူဆိုးလေးသာဖြစ်စေချင်တယ်

အဲ့လိုပြောကြေးဆို ငါလည်းရှင်းပြချင်မိပါရဲ့

တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးတာ အမှန်တော့ ကိုယ်နဲ့ပဲဆိုင်တယ်..ကိုယ့်စိတ်ကဖြစ်ချင်နေတဲ့အရာကို ပတ်ဝန်းကျင်ကမြင်သာအောင်လုပ်ပေးရုံသာ..
အခုငါလူဆိုးဖြစ်ချင်တယ် အဲ့တာမင်းနဲ့မဆိုင်ဘူး နဂိုထဲကငါ့စိတ်ကဖြစ်ချင်နေတဲ့အရာကိုမင်းကမြင်သာအောင်လုပ်ပေးယုံသာ ဆိုတာကို ငပိန်းလေး သိအောင် ရှင်းပြချင်မိပါရဲ့။

နီကိုတင်းတွေဟာ အိပ်မရခြင်းကိုအဖော်ပြုပေးတယ်ဆို ငါရဲ့အိပ်မရခြင်းရဲ့ အဖော်က မင်းရဲ့ခပ်အက်အက် စကားလုံးတွေပဲ နောင်။

𝐍𝐚𝐮𝐧𝐠  𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚Where stories live. Discover now