Part(12)

4.6K 427 20
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆
𝒁𝒂𝒘𝒈𝒚𝒊

မနက်5:00..

ကိုတုတ်ကြီးကြက်ဖတွန်ချိန်၌ လရောင်နိုးနေခဲ့သည်။ အင်း..ညကတည်းကမအိပ်ရ‌သေးတာဟုပြောလျှင်ပိုမှန်မည်။ အိပ်မရတဲ့အကြောင်းက မြတ်နိုးလှစွာသော လူသားလေးနဲ့ တစ်မိုးအောက်ထဲရှိနေ၍လား။ ထိုလူသားလေး အနာရှိန်နှင့်ဖျားမည်ဆိုးတာလား။ မနက်ထိုလူသားလေးနဲ့ အပြင်လိုက်ရမည်ဆို၍ အိပ်မပျော်ခြင်းလား လရောင်မသိ။
တစ်ညလုံး ရင်တဒိတ်ဒိတ်နဲ့ အိပ်မရခဲ့တာတော့ လရောင်သိသည်။

လူဆိုးတစ်ယောက် တစ်နည်းဖြင့် ယောင်္ကျားလေးတစ်ယောက်ကို မြတ်နိုးလှစွာသောလို့ သုံးမိတာ မှန်လားမှားလားလရောင်မ‌သိပေမယ့် သူထိုလူသားလေးကို ချစ်တာထက်ပိုပြီး မြတ်နိုးနေမိသည်ကိုတော့ ဝန်ခံရမည်။ အင်း..ထိုလူသားကြားရင်တော့ အထိုးခံရကောင်းပါရဲ့။

မနက်အစောကြီးထပြီး လမ်းထိပ်ကစတိုးမှာ သွားတိုက်တံအသစ်၊ရေခွက်၊ရေချိုးဆပ်ပြာတို့အမြန်သွားဝယ်ထားလိုက်သည်။ ပြီးလျှင် တမင်းအိုးတည်ပြီး ကြီးတော်‌ဒေါ်ပုမအလာကိုစောင့်နေလိုက်သည်။

“ဟောဒီက ပဲ...ပြုတ်”

စူးနစ်လှတဲ့အသံ၊အားကောင်းလှတဲ့အသံကြောင့် ကြီးတော်ဒေါ်ပုမ ပါးစပ်ကိုပြေးပိတ်ချင်စိတ်တို့ကတဖွားဖွား။ သူ့အော်သံကြောင့် အရှေ့ခန်းကကောင်လေးနိုးမည်ကိုမလိုလားသည်လေ။

ရေချိုးခန်းထဲမှာ သွားတိုက်‌ဆေးနဲ့သွားတိုက်တံအသစ်၊ စားပွဲပေါ်မှာခေါက်ပြီးသား မျက်မှာသုတ်ပုဝါအညိုရောင်အသစ်တစ်ထည်တင်ထားပေးခဲ့ပြီး ပန်းကန်ကိုင်ကာ အိမ်ရှေ့ကိုသာထွက်လာခဲ့သည်။ သူလုပ်နေပုံက ယောင်္ကျားအတွက်ပြင်ဆင်ပေးနေသည့် အိမ်သူသက်ထားပုံစံဖြစ်နေပေမယ့် သူဆက်လုပ်ပေးနေစဲ။ တကယ်လည်း သူ့ယောင်္ကျားပဲလေ။ လရောင်ပြုံးစိစိဖြင့် ပန်းကန်ကိုင်စောင့်နေသည်။

“ကိုယ်ကြိုက်ရင်ကိုယ့်ယောင်္ကျားပဲပေါ့”

ဆိုပြီး တီးတိုးစွာဆိုနေမိသည်။

“ဟယ် လရောင် ဒီနေ့စောစောနိုးနေပါလား”

“ဟုတ်တယ်ကြီးတော်ရေ ကျွန်တော့်ကိုပဲပြုတ်နှစ်ဆယ်သားထည့်ပေးပါ”

𝐍𝐚𝐮𝐧𝐠  𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚Where stories live. Discover now