Chapter 24 : မုချန် သတိလက်လွတ်ဖြစ်နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီးနမ်း !
< Zawgyi >
သူ၏ တပည့်လေးသည် အခန်းအလည်တွင်ထိုင်ရင်း ဘဲတစ်ကောင်ကို အနိုင်ကျင့်နေချေသည်။ မုချန် ၏ ခံစားချက်မှာ မပြောနိုင်သလို ကုယွမ်ကျွယ် ၏ မျက်နှာအမူအရာသည်လည်း ဖတ်ရခက်လှ၏။
ကုယွမ်ကျွယ် သည် သူ့မျက်လုံးထဲမှ နက်ရှိုင်းသည့် လိုအင်ဆန္ဒများကို သိုဝှက်လိုက်ပြီးနောက် တောက်ပစွာပြုံးရင်း အပြေးသွားလိုက်လေသည်။ သူသည် မုချန် ၏ လက်ကို ဆွဲယူလိုက်ပြီးနောက် ရှစ်ဇွမ်း ဟု ရင်းနှီးစွာ ခေါ်လိုက်ပေ၏။
မုချန် သည် အစကမူ သူ့အား ဆုံးမမလို့ပင်။ ထိုအခိုက်တွင် ကွမ်းရှန့် မှ သကြားကိတ်မုန့် တစ်ပန်းကန်ကို သယ်ကာ ရောက်လာချေသည်။ သူသည် အရိုအသေပေးပြီးနောက် ပျော်ရွှင်စွာ ဆိုလာလေ၏။
" သခင်လေး၊ ဟောဒီမှာ သခင်လေး လိုချင်တဲ့ သကြားကိတ်မုန့် ရပါပြီ။ "
မုချန် သည် နောက်မှ လိုက်လာကာ ကုယွမ်ကျွယ် ၏ ခေါင်းကို ပွတ်ပေးလိုက်ပေ၏။ သူသည် အေးစက်နေသည့် အမူအရာဖြင့်ပင် မေးလိုက်လေသည်။
" သခင်လေး ? "
" နန်းဆောင်သခင်လေး ဆိုတာက နားထောင်လို့မကောင်းဘူး "
ကုယွမ်ကျွယ် သည် နှုတ်ခမ်းဆူကာ ပြောလာ၏။
" အဲ့ဒါက ' မင်းသမီးလေး ' ဆိုပြီး ခေါ်နေတာကြနေတာပဲ။ "
မုချန် သည် လက်ကိုမြှောက်ကာ တစ်ဖက်သူ၏ ခေါင်းကို ရိုက်လိုက်ပြီးနောက် မေးလိုက်၏။
" မင်းကလည်း အခုအချိန်မှာ မင်းသမီးလေးလို ဂရုစိုက်ခံနေရတာပဲ မဟုတ်ဘူးလား ? "
" ရှစ်ဇွမ်း။ "
ကုယွမ်ကျွယ် သည် သူ့ခေါင်းပေါ်မှလက်ကို ဆုပ်ကိုင်ကာ ထိုလက်ဖဝါးကို ခပ်ဖွဖွ ဆုပ်နယ်လိုက်လေ၏။ သူသည် မုချန် ၏ နူးညံ့မှုကို သူ၏ လက်ဖဝါးမှတစ်ဆင့် ခံစား၍ရနေနိုင်ပေသည်။ သူသည် မနေနိုင်ပဲ မုချန် ၏ မျက်နှာနားသို့ ကပ်သွားလိုက်၏။
![](https://img.wattpad.com/cover/225096498-288-k434411.jpg)
YOU ARE READING
The daily life of preventing my disciple from turning to the dark side (mm tran)
SpiritualBoth Zawgyi & Unicode available. မသေမျိုးလောက၏ နံပတ်တစ်ဆေးဖော်စပ်သူဖြစ်သည့် မုချန်သည် သူ၏ဆေးတွေဖော်စပ်မှုအပေါ်တွင်သဲာအမြဲအာရုံစိုက်နေမိသည့်အတွက် သူ့တပည့်လေးအာိးုသင်ကြားပေးရမည်များကို လျစ်လျူရှုမိသွားသည်ဟု အမြဲစဉ်းစားမိခဲ့လေသည်။ ဤကိစ္စကြောင့် သူ့တပည်...