Chapter 25 : အရင်းနှီးဆုံးလူ

2.2K 205 14
                                    

Chapter 25 : အရင်းနှီးဆုံးလူ

< Zawgyi >

ကုယွမ်ကျွယ် သည် မုချန် ၏ မထူးခြားသည့်တုံ့ပြန်မှုကို မကျေနပ်လေရာ သူသည် မုချန် ၏ မျက်နှာကို အုပ်ကိုင်လိုက်ပြီးနောက် အခွင့်အရေးကို အမိအရယူကာ နမ်းလိုက်လေ၏။

သူ့နှုတ်ခမ်းပေါ်သို့ ကျရောက်လာသည့် အခြားသူတစ်ဦး၏ နူးညံ့လှသော နှုတ်ခမ်းများ၏ အထိအတွေ့ကြောင့် မုချန် မှာ ရှော့ခ်ရသွားရလေသည်။ သူသည် ကုယွမ်ကျွယ် ၏ သူ့အပေါ်လေးစားမှုများပြည့်နှက်နေသည့် အမူအရာကို ကြည့်လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိ၏။ သူသည် တစ်ဖက်သူအား အပြစ်မတင်ရက်ပေ။ သူသည် ကုယွမ်ကျွယ် ၏ခေါင်းကို ပွတ်ပေးလိုက်ပြီးနောက် ဖြည်းညင်းစွာပြောလိုက်လေသည်။

" ဒါက မင်းနဲ့ အရင်းနှီးဆုံးသူနဲ့ပဲ လုပ်သင့်တဲ့ဟာပဲ။ မင်း ငါနဲ့ဒါမျိုး နောက်လုပ်လို့မရဘူး။ "

" ကျွန်တော် အရင်းနှီးဆုံးလူက ရှစ်ဇွမ်း ပဲလေ။ "

ကလေးဖြစ်သူသည် သူ့စကားများနောက်ကွဟ်မှ အဓိပ္ပာယ်ကို နားလည်ပုံမရချေ။ သူသည် တောက်ပနေသည့် မျက်လုံးများနှင့် ချိုသာလှသည့် အပြုံးတစ်ပွင့်ဖြင့် မော့ကြည့်လာလေရာ မုချန် ၏ မကောင်းသည့် စိတ်အခြေအနေမှာ ပျက်ပြယ်သွားရလေတော့သည်။

မုချန် သည် ကုယွမ်ကျွယ် ၏ ဆံထိုးကို နေရာပြန်ပြင်ပေးပြီးနောက် ပြောလိုက်၏။

" သွားတော့။ ရှစ်ဇွမ်း က မင်းကို ဒီမှာပဲ စောင့်နေမယ်။ "

ကုယွမ်ကျွယ် သည် ယန်းယန် နန်းဆောင် မှ ထွက်လာပြီးနောက်တွင် သူ၏နှုတ်ခမ်းများကို သပ်လိုက်လေ၏။ ထိုနှုတ်ခမ်းများပေါ်တွင် ချိုမြိန်မှုအချို့ကလည်း ရှိနေလေရာ အခြားသူများအား ထိုအမှုကို ဆက်လုပ်ပါရန် တိုက်တွန်းနေလေသည့်အတိုင်းပင်။ သူ၏ ခံစားချက်များက ကယောက်ကယက်ဖြစ်နေရကာ ကုယွမ်ကျွယ် သည် နေရာတစ်နေရာသို့ လက်ညှိုးထိုးလိုက်ပြီးနောက် ကျင်းမင် အား ပြောလိုက်၏။

" မင်း အဲ့ဒီကိုသွားလိုက်။ "

" ဟမ် ? "

ကျင်းမင် သည်စိတ်ရှုပ်ထွေးသွားရ၏။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Nov 01, 2021 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

The daily life of preventing my disciple from turning to the dark side (mm tran)Où les histoires vivent. Découvrez maintenant