<Zawgyi>
Chapter 20 : မိစ္ဆာအဖြစ် ပြောင်းလဲခြင်း
ယုထျန်းယီ သည် ခိုင်ခိုင်မာမာ ကတိပေးလိုက်၏။
" ငါ့ကို ဒီကိစ္စကိုင်တွယ်ခွင့်ပေး။ ပြီးရင် မင်းကို ကိစ္စတွေအကုန်လုံး ပြန်ရှင်းပြပေးမယ်။ "
မုချန် သည် လက်ထဲရှိ ဓားရှည်ကို လွှဲရမ်းလိုက်ပြီးနောက်
" မရဘူး ! "
ဟု အေးစက်စက်ပင် ပြန်ဖြေလာ၏။
ယုထျန်းယီ သည် မုချန် ထံမှ ထိုသို့အပြောခံလိုက်ရသောအခါ သူ၏ မျက်နှာထက်တွင် အံ့သြသွားသည့် အရိပ်အယောင်များ ပေါ်လာလေ၏။
ယွဲ့မင်ကျဲ့ သည် မုချန် ကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးနောက် သူ၏ အကြည့်များကို ယုထျန်းယီ ထံသို့ ပြောင်းလိုက်ကာ တစ်ဖက်သူမှာ မည်သူဖြစ်လေကြောင်းကို ခန်းမှန်းကြည့်နေမိသည်။ ထို့နောက် သူသည် မုချန် အား တစ်ချက်ကလေးမျှပင် ပြန်မချနိုင်ဖြစ်နေသည့် ကျီချင်းယွမ် ကို ကြည့်လိုက်၏။
ကျီချင်းယွမ် ၏ စွမ်းရည်မှာ ဆရာဦးလေးနှင့် တန်းတူနီးပါးလောက်ပင်ရှိလေရာ ထိုသူသည် အရိုက်ခံရန်အတွက် သည်အတိုင်း ငြိမ်ငြိမ်လေး ထိုင်နေရသည်တဲ့လား ?
ကုယွမ်ကျွယ် သည် ခေါင်းမော့ကာ ယွဲ့မင်ကျဲ့ ကို စူးစမ်းကြည့်လိုက်ပေ၏။ သူ၏ စိတ်ထဲတွင်မူ ထိုငတုံးမှာ အခြားသူများထက် အနည်းငယ်ပို၍ သဘောပေါက်လွယ်ကာ ဉာဏ်ပြေးကြောင်း သိလေသည်။ ယင်းမှာလည်း သူ၏ ဂိုဏ်းခေါင်းဆောင်ရာထူးနှင့် လိုက်ဖက်ရှာလေသည့် သေးငယ်လှသည့် တစ်ခုသော စွမ်းရည်ပင်။
ကျီချင်းယွမ် သည် သူ့ရှေ့တွင် ရပ်နေသောလူကို တွေ့လိုက်ရသောအခါ ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်လာတော့၏။ သူသည် အံ့အားသင့်ကာ တုန်လှုပ်နေသော လေသံနှင့်ပင် လှမ်းခေါ်လိုက်ပေသည်။
" ဆရာတူ …… "
ယုထျန်းယီ သည် လက်တစ်ဖက်ကို မြှောက်လိုက်ပြီးနောက် တိတ်တိတ်နေရန် အချက်ပြလိုက်၏။ ယင်းမှာ သူ့အား အခြားသူများမှ မမှတ်မိသွားစေရန်ပင် ဖြစ်ချေသည်။
![](https://img.wattpad.com/cover/225096498-288-k434411.jpg)
ŞİMDİ OKUDUĞUN
The daily life of preventing my disciple from turning to the dark side (mm tran)
SpiritüelBoth Zawgyi & Unicode available. မသေမျိုးလောက၏ နံပတ်တစ်ဆေးဖော်စပ်သူဖြစ်သည့် မုချန်သည် သူ၏ဆေးတွေဖော်စပ်မှုအပေါ်တွင်သဲာအမြဲအာရုံစိုက်နေမိသည့်အတွက် သူ့တပည့်လေးအာိးုသင်ကြားပေးရမည်များကို လျစ်လျူရှုမိသွားသည်ဟု အမြဲစဉ်းစားမိခဲ့လေသည်။ ဤကိစ္စကြောင့် သူ့တပည်...