<Zawgyi>
Chapter 19 : ငါ့တပည့်အပေါ်ထိရဲတဲ့သူကို နုတ်နုတ်စဉ်းပြီး မီးလောင်တိုက်သွင်းပေးမယ်
ကျင်းမင် သည် ကုယွမ်ကျွယ် မှာ ပတ်ဝန်းကျင်အား အလွန် ' ဂရုတစိုက်ဖြင့် ' ကြည့်ရှုနေရှာသည်ကို သတိထားမိသွားလေတော့သည်။ ထိုကလေးမှာ သူ့ဘက်လှည့် စကားပြောရန်ပင် စိတ်မဝင်စားပုံပေါ်နေချေ၏။ ထို့ကြောင့် ကျင်းမင် သည် ရယ်မောလိုက်ပြီးနောက် ကုယွမ်ကျွယ် အား တံတောင်ဖြင့် တစ်ချက်တွတ်လိုက်၏။
" ငါမင်းကို နန်းဆောင်သခင်ကိုယ်တိုင် မွေးမြူထားတဲ့ မှော်သားရဲတွေဆီ ခေါ်သွားပြမယ်။ အဲ့ဒီ တစ်ကောင်းချင်းစီမှာ တကယ့်ကိုလှတဲ့ အမွှေးအမျှင်တွေ ရှိတယ်နော်။ ဒါပေမယ့် အဓိကအပိုင်းကတော့သူတ်ု့တွေအကုန်လုံး ဝတုတ်နေတာပဲ။ ကင်စားလိုက်ရလို့ကတော့ကွာ၊ အသားလေးတွေက နူးညံ့ပြီး အဆီလေးတွေကဝင်းနေမှာပဲ ! "
ကုယွမ်ကျွယ် သည် ထိုအခါ ရုတ်တရက်လှည့်ကြည့်လာ၏။ သူ၏ အကြည့်မှာ ရွှေရောင် ဝူးထုံ ပင်ကြီး၏ ထိပ်ဖျား၌ ရပ်တန့်သွားလေသည်။ ထန်းရွက်မျှလောက် ကြီးမားသည့် သစ်ရွက်များ၏ နောက်တွင်မူ အနက်ရောင် ဘဲဝတုတ်တစ်ကောင်သည် ပုန်းနေလေ၏။ ထိုအခိုက်တွင် သူ၏ အနီရောင်မျက်လုံးများသည် ကုယွမ်ကျွယ် ၏ မျက်လုံးများနှင့် ဆုံမိသွားချေတော့သည်။ ထိုသို့ မျက်လုံးချင်းဆုံသွားသည့် အချိန်တွင် ထိုဘဲနက်မှာ ကြောက်ရွံ့သွားရာ ဇက်ကိုပုရင်း "အားအို" ဟု အော်ကာ ထွက်ပြေးရန် သူ့တောင်ပံများကို ကြိုးကြိုးစားစားဖြင့် တဖျတ်ဖျတ် ခတ်တော့၏။
YOU ARE READING
The daily life of preventing my disciple from turning to the dark side (mm tran)
SpiritualBoth Zawgyi & Unicode available. မသေမျိုးလောက၏ နံပတ်တစ်ဆေးဖော်စပ်သူဖြစ်သည့် မုချန်သည် သူ၏ဆေးတွေဖော်စပ်မှုအပေါ်တွင်သဲာအမြဲအာရုံစိုက်နေမိသည့်အတွက် သူ့တပည့်လေးအာိးုသင်ကြားပေးရမည်များကို လျစ်လျူရှုမိသွားသည်ဟု အမြဲစဉ်းစားမိခဲ့လေသည်။ ဤကိစ္စကြောင့် သူ့တပည်...