<Zawgyi>Chapter 14 : မင်းမနေ့ညက ဘာလုပ်ခဲ့လဲ ?
မုချန် ၏ ရင်ဘတ်ပေါ်တွင့် ပွင့်လွှာကိုးချပ် အနက်ရောင်ကြာပန်း သည် တင့်တယ်စွာတည်ရှိနေ၏။ ထိုအရာမှာ မင်စုတ်ထိုးထားသည့်နှယ် မုချန် ၏ ဖြူဖျော့လှသော အသားအရည်ပေါ်တွင် ထင်ထင်ရှားရှားကြီး ဖြစ်ပေါ်နေပေသည်။ ကုယွမ်ကျွယ် သည် ထိုကြာပန်း၏ သဏ္ဌာန်နှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာကို သတိရသွားရသည်။
မိစ္ဆာကျင့်ကြံခြင်း နည်းလမ်းတွင် အဆင့်ပေါင်း ကိုးဆင့်ရှိကာ တစ်ဆင့်ကို လွန်မြောက်သည်နှင့် အနက်ရောင် ကြာပွင့်တစ်ချပ် ပေါ်လာမှာပင် ဖြစ်သည် !
ကုယွမ်ကျွယ် သည် မုချန် ၏ ရင်ဘတ်ပေါ်ရှိ အနက်ရောင် ကြာပွင့်သဏ္ဌာန်ပေါ်သို့ လက်ဖဝါးကို ခပ်ဖွဖွ တင်ထားလိုက်သောအခါ ထို ကြာပန်း အတွင်းရှိ မိစ္ဆာ ချီ များကို အလိုအလျောက် ခံစားလိုက်ရပေသည်။ ထိုအခါ ကုယွမ်ကျွယ် ၏ မျက်နှာထက်တွင် ကျေနပ်နေသည့် အပြုံးတစ်ပွင့် ဖြစ်တည်လာ၏။ ကုယွမ်ကျွယ် သည် ထိုကိစ္စတွင် သူ့ကိုယ်သူ ကျရှုံးခဲ့သည်ဟု ထင်မှတ်ထားမိခဲ့ပေသည်။ သူသည် မိမိပိုင်စွမ်းအားများ အလုံးစုံကို မုချန် ၏ ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းပေးလိုက်လျှင်တောင် သူ့ဆရာဖြစ်သူ၏ ဝိညာဉ်မှာ တဖြည်းဖြည်းနှင့် ပြိုကွဲသွားလိမ့်ဦးမည်ဟု ထင်ထားခဲ့မိ၏။ သို့သော်လည်း သူ၏ စွမ်းအားများက သူ့ဆရာဖြစ်သူ၏ ဝိညာဉ်ကို ကာကွယ်ပေးခဲ့ရုံသာမက သူနှင့်အတူ နှစ်ပေါင်းရာချီသို့ ပြန်လည် ခေါ်ဆောင်ပေးလိမ့်မည်မှန်းကို မမျှော်လင့်မိပါချေ။
ထို မိစ္ဆာ ချီ များသည် ကုယွမ်ကျွယ် ကို အာရုံခံမိလိုက်သည်နှင့် တစ်ပြိုင်နက် မဟူရာ ကြာပွင့်ထဲမှ စိမ့်ထွက်ကာ သူ့ဆီသို့ တဖြည်းဖြည်း တိုးဝင်လာကြလေတော့သည်။ ကုယွမ်ကျွယ် သည် စိမ့်ထွက်လာသည့် မိစ္ဆာ ချီ များကို စုပ်ယူရင်း မျက်လုံးများက တစ်စတစ်စ နက်မှောင်လာတော့သည်။ သူသည် ထို မိစ္ဆာ ချီ များကို သူ့ကိုယ်ထဲသို့ စိမ့်ဝင့်စေရင်း ခန္ဓာကိုယ်တွင်းရှိ မရီဒန် များကိုပါ ဖြတ်၍ စီးဆင်း သွားစေလိုက်သည်။ ထိုအခါ မုချန် ၏ ခန္ဓာကိုယ်မှ စိမ့်ထွက်လာသည့် မိစ္ဆာ ချီ များသည် အိမ်အပြန်လမ်းကို ရှာတွေ့သွားသည့်အလား ကုယွမ်ကျွယ် ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်လာကြပေတော့သည်။
![](https://img.wattpad.com/cover/225096498-288-k434411.jpg)
VOUS LISEZ
The daily life of preventing my disciple from turning to the dark side (mm tran)
SpiritualitéBoth Zawgyi & Unicode available. မသေမျိုးလောက၏ နံပတ်တစ်ဆေးဖော်စပ်သူဖြစ်သည့် မုချန်သည် သူ၏ဆေးတွေဖော်စပ်မှုအပေါ်တွင်သဲာအမြဲအာရုံစိုက်နေမိသည့်အတွက် သူ့တပည့်လေးအာိးုသင်ကြားပေးရမည်များကို လျစ်လျူရှုမိသွားသည်ဟု အမြဲစဉ်းစားမိခဲ့လေသည်။ ဤကိစ္စကြောင့် သူ့တပည်...