Chapter[1]

365 15 21
                                    

"နာ့ မုန့်​ ကြန်​​ပေး"

မပီတပီက​လေးမငယ်​​လေးရဲ့ငိုသံစူးစူး​လေးက က​လေးထိန်း​ကျောင်းငယ်​​လေးထဲစူးစူးဝါးဝါး ကျယ်​​လောင်​စွာ။ ငို​နေတဲ့​ကောင်​မ​လေးရဲ့ အ​ရှေ့က တစ်​​ကျောင်းလုံးရဲ့ ငဆိုး​လေးလို့သတ်​မှတ်​ခံထားရတဲ့ ​ကောင်​ငယ်​​လေးက ဂရုမစိုက်​ဟန်​နဲ့ မုန့်​ထုပ်​ကို​ဖောက်​စားလိုက်​တဲ့အခါ ငို​နေတဲ့က​လေးမ​လေးအသံက နှစ်​ဆ​လောက်​ပိုလို့ ကျယ်​​လောင်​သွားတယ်​။ ဆရာမ​တွေရဲ့ထမင်းစားနားချိန်​မို့ အိပ်​ဖို့ထားရစ်​ခဲ့တဲ့က​လေး​တွေရန်​ဖြစ်​​နေခြင်းကို ထမင်းနဲ့နှုတ်​ဆက်​​နေတဲ့ဆရာမ​တွေမသိနိုင်​ရှာ။

"အီး ဟီးဟီး နာ့မုန့်​"

မပီကလာပီကလာအသံ​လေးက ကျယ်​​လောင်​တာမို့ ​ဘေးက က​လေးငယ်​​လေး​တွေက၀ိုင်းလို့ကြည့်​တယ်​။ ၀င်​လဲမ​ပြောရဲကြဘူး။ ​ကျောင်းသူသစ်​​လေးက အသံပြဲသလို လူဆိုး​ကောင်​​လေးကလဲ သွားထက်​တယ်​။ ဟိုတစ်​ခါရန်​ဖြစ်​တုန်းက ဆရာမသား​လေးကိုကိုက်​လိုက်​တာများ အကွင်းလိုက်​ကြီးရယ်​မို့ ဘယ်​သူမှဝင်​မ​ပြောကြရဲပဲ ​မျောက်​ပွဲကြည့်​သလို ၀ိုင်းအုံလို့သာ ကြည့်​​နေကြတယ်​။

"နာ့ မုန့်​ နာ့မုန့်​ပါယို့ရှို"

မပီကလာအသံ​လေးကို လျစ်​လျူ ရှုရင်း ငဂျစ်​​လေးက နားမငြီးသည့်​နှယ်​မုန့်​ကို ပိုလို့ဖိကိုက်​၀ါးပြတယ်​။ မျက်​ရည်​ဥ​လေး​တွေ တွဲလဲခို​နေတဲ့​ကောင်​မ​လေးက အသား​ဖွေး​ဖွေး​လေးမို့ မျက်​ရည်​ဥ​လေး​တွေတွဲလဲခို​နေတဲ့ မျက်​ခမ်းစပ်​​လေးနဲ့ နှာဖျားထိပ်​​လေးက ​ဆေးဆိုးထားသလို ရဲရဲ​တောက်​​တောက်​​လေး။ သိပ်​ပြီးချစ်​ဖို့​ကောင်းလွန်းတယ်​။ တစ်​အိမ်​လုံးရဲ့နှလုံးသားမျက်​ရှု​လေးမို့ အနိုင်​ကျင့်​မခံရဘူးတဲ့ က​လေးမ​လေးက အားပါးတရကိုငိုပါတယ်​။ နှာရည်​​တွေလဲထွက်​သလို အဖြူ အပြာစပ်​အင်္ကျီ​လေးကလဲ နှာရည်​​တွေ မျက်​ရည်​​တွေနဲ့​ပေသလူးလို့။ မုန့်​ပြန်​မရတာမို့ ပိုတိုးလို့ငိုရှိုက်​ရာက​နေ စိတ်​မရှည်​သည့်​ဟန်​ အ​ပြေးသွားကာ မုန့်​စား​နေတဲ့က​လေး​လေးကို ခုံ​ပေါ်က​ပေတံနဲ့ရိုက်​ဖို့ပြင်​တယ်​။ ငါ့မုန့်​စားတဲ့​ကောင်​ ​သေ​ပေ​ရော့ဆိုပြီး​တော့​ပေါ့။ သို့​ပေမယ့်​ တစ်​ဖက်​​ကောင်​​လေးက ပိုအားသန်​တာမို့ အနားမ​ရောက်​ခင်​ ​စောင့်​တွန်းခြင်းခံလိုက်​ရတာပါပဲ။ ခုံ​စောင်းနဲ့လက်​နုနု​လေးက ထိမိသွားတာမို့ ရဲစက်​သွားတဲ့ တံ​တောင်​​လေးကို ကြည့်​ရင်း က​လေးမ​လေးကို ပိုတိုးလို့ငိုတယ်​။

Unknown [Completed]Where stories live. Discover now