Chapter[3]

58 10 19
                                    

တတီတီမြည်​​နေတဲ့ phသံကို လျစ်​လျူ ရှုရင်း စားပွဲ​ပေါ်ကနာရီကိုကြည့်​မိ​တော့ ၁၁ခွဲ။ ဘုရား​ရေ သူမပြန်​အိပ်​​ပျော်​သွားတာပဲ။ ​မွေး​နေ့လုပ်​ဖို့ပြင်​ထားတာ​တွေ​ရော ဘယ်​လိုဖြစ်​သွားပြီလဲ။ ဖုန်းကိုယူကြည့်​မိ​တော့ ရဲရဲနီ​နေတဲ့ missed call​တွေက ဖရဲသီးကိုကားတက်​ကြိတ်​ထားသလို။ ခါးဘက်​ဆီက လက်​အစုံက တင်းကြပ်​​နေတာခံစားရဆဲမို့ လှည့်​ကြည့်​​တော့ သွန်းက သူမကိုဖက်​ထားကာ မျက်​လုံး​တွေက ပိတ်​​နေဆဲ။ သွားပါပြီ ဒီသွန်းသွန်း အလိုလိုက်​လွန်းလို့ သူမအကျင့်​​တွေပျက်​​နေပြီ။

"သွန်း"

"ဟင်​"

"သွန်း...သွန်း ထ​တော့လို့ ​တွေ့လား​နင့်​​ကြောင့်​ငါ​နောက်​ကျ​နေပြီ"

သူမအပြစ်​မှန်းသိ​သော်​လဲ လင်္ကာက သွန်းအ​ပေါ်ဆို အပြစ်​ဖို့​နေကျက အကျင့်​တစ်​ခုလိုဖြစ်​​နေတာမို့် ဆိုး​ကောင်း​နေဆဲ။

"ငါ နှိုးတာကို ပြန်​အိပ်​​နေတာဘယ်​သူလဲ"

တစ်​ဖက်​လှည့်​ထားတဲ့ ကိုယ်​လုံး​လေးက အသံတိတ်​သွားပြီး သိမ့်​ခနဲတုန်​သွားတာမို့ သွန်း စိတ်​ထဲ တစ်​မျိုးဖြစ်​သွားသည်​။ အ​ပြေးအလွှားကုတင်​​အောက်​ဆင်းရင်း လင်္ကာ့ မျက်​နှာချင်းဆိုင်​ကြမ်း​ပေါ်မှာထိုင်​ရင်း မျက်​နှာ​လေးကိုကြည့်​​တော့ လက်​​သေး​သေး​လေးအစုံက မျက်​လုံးနှစ်​ဖက်​ကို ဖုန်းကွယ်​ထားသည်​။

"လင်္ကာ လင်္ကာ ဘာဖြစ်​တာလဲ...ဟင်​ ဘာဖြစ်​တာလဲလို့!!"

ပြူးပြူးပြာပြာ​မေး​နေသူက အ​ရေး​ပေါ်ကိစ္စဖြစ်​သွားသလို။ ​ကြမ်းပြင်​ထက်​အားပါးတရ ထိုင်​ချရင်းလက်​​သေး​သေး​လေးအစုံကို ဖယ်​ထုတ်​ပါ​သော်​လည်း ​ကော်​နဲ့ကပ်​ထားသည်​ထက်​ပင်​မြဲ​နေတာမို့ ဖယ်​မရခဲ့။ လက်​ကလဲဖယ်​မရ လင်္ကာ့ကိုယ်​​လေးကလည်းပိုလို့ တုန်​တက်​လာသည်​မို့ သွန်း စိတ်​တို့က ပိုလို့ပူလာရသည်​။

"လင်္ကာ ဘာဖြစ်​တာလဲလို့"

"ဟင့်​ ဟင့်​ ဟင့်​"

ရှိုက်​သံ​သေး​သေး​လေး​တွေပါ ထွက်​လာတာမို့ သွန်း ခမျာ ​မျောက်​ငပိကိုင်​မိသလို ထိုင်​မရထမရ ဖြစ်​လာသည်​။ အားသုံးလို့ဖယ်​ရင်​ ရမည်​ဆိုတာသိ​ပေမယ့်​ နာကျင်​သွားမှာစိုးတာမို့ မဖယ်​ဖြစ်​ခဲ့။ သွန်းရဲ့သူငယ်​ချင်း​လေးက နုနုဖတ်​ဖတ်​​လေးရယ်​။

Unknown [Completed]Where stories live. Discover now