Chapter[5]

54 9 6
                                    

လူအများစုရဲ့တစ်​​နေ့တာဟာ ဘယ်​လိုအစပျိုးသလဲ သွန်းမသိဘူး။ သွန်းရဲ့တ​နေ့တာအစပျိုးမှု့ က​တော့ မြတ်​နိုးမ၀သူရဲ့ မျက်​​တောင်​ဖျားကစလို့ ပါးပြင်​​တော်​မို့မို့က ​သွေး​ကြောဘယ်​နှမျှင်​ရှိသလဲဆိုတဲ့ ​ရေတွက်​ခြင်းနဲ့စတင်​တယ်​။

"လင်္ကာ ထ​တော့​လေ ​ကျောင်းသွားရမယ်​"

ပုခုံး​ပေါ်မျက်​နှာအပ်​လို့ ​မှေးစက်​​နေသူအားနာရီဝက်​မျှရှုစားပြီးချိန်​မှာ​တော့ ခပ်​တိုးတိုးအုပ်​အုပ်​အသံပြုလို့နှိုးမိတယ်​။ သွန်းမြတ်​နိုးရသူ​လေးက ယုန်​သဲ​လေးနဲ့မို့ ခပ်​ကျယ်​ကျယ်​​လေတိုးလို့ ​ရွှေရင်​အစုံတုန်​လှုပ်​သွားမှာကို​တောင်​ သွန်းက စိုးထိတ်​တယ်​။

"အွန်း....ငါးမိနစ်​ ငါးမိနစ်​ပဲ​နော်​ ​နော်​ ​နော်​"

လက်​​ငါး​ချောင်းကိုဆုပ်​ချည်​ဖြန့်​ချည်​လုပ်​ရင်း အသံအစ်​အစ်​​သေး​သေး​လေးက အူယားဖွယ်​အတိ။ ခပ်​ဖြူ ဖြူ အုအုလက်​​ချောင်းထိပ်​​လေး​တွေက ပန်း​သွေး​ရောင်​သန်း​နေတဲ့အခါ အာခံတွင်းထဲဆွဲလို့ငုံထားပစ်​ချင်​စဖွယ်​။ အသက်​နှစ်​ဆယ်​ ဘွဲ့ယူခါနီးဖြစ်​​နေလည်း လင်္ကာ ဟာ က​လေးတစ်​​ယောက်​သဖွယ်​ချွဲနွဲ့​ကောင်း​နေဆဲ။ ရင့်​ကျက်​သွားပါ​စေလို့ဆိုရင်း မပြု ပြင်​ရက်​ဘူး။ ဆိုးနွဲ့သမျှကိုသည်းခံရင်း အလိုလိုက်​​ပေး​နေရတာကိုက ဘုရား​ပေးတဲ့ဆုအဖြစ်​ သတ်​မှတ်​ထားခဲ့သူမို့။

"ဒီ​နေ့ Tutoရှိတယ်​ဆို"

'၀ုန်း'

tutoအသံကြားမှ ၀ုန်းခနဲ အသည်းအသန်​ထလိုက်​တာမို့ ​ခေါင်းမူးမှာစိုးတဲ့စိတ်​နဲ့ ပုခုံးကထိန်းလို့ ​ထွေးဖက်​မိတယ်​။

"ဟွင့်​ အင့်​ အင့်​ဟင့်​ တွန်းတွန်းက ငါ့ကို​စော​စောမနှိုးဘူး ငါ စာ​တွေမရ​သေးဘူး အီးဟီးဟီး"

အ​ပြောနဲ့အတူ ပုလဲ​တွေက ပါးပြင်​ဖြူ နုနုထက်​စတင်​လို့ရှပ်​တိုက်​​ပြေးလွှားတယ်​။ ဒါဟာ အမြဲအလိုလိုက်​အကြိုက်​​ဆောင်​ခြင်းခံ​နေရတဲ့ လင်္ကာရဲ့ အိပ်​​ရေးမ၀တိုင်းဂျစ်​တိုက်​​နေကျ မြတ်​နိုးဖွယ်​အမူအရာ​သေး​သေး​လေး​တွေထဲကတစ်​ခု။

Unknown [Completed]Where stories live. Discover now