"နာ့ မုန့် ကြန်ပေး"
မပီတပီကလေးမငယ်လေးရဲ့ငိုသံစူးစူးလေးက ကလေးထိန်းကျောင်းငယ်လေးထဲစူးစူးဝါးဝါး ကျယ်လောင်စွာ။ ငိုနေတဲ့ကောင်မလေးရဲ့ အရှေ့က တစ်ကျောင်းလုံးရဲ့ ငဆိုးလေးလို့သတ်မှတ်ခံထားရတဲ့ ကောင်ငယ်လေးက ဂရုမစိုက်ဟန်နဲ့ မုန့်ထုပ်ကိုဖောက်စားလိုက်တဲ့အခါ ငိုနေတဲ့ကလေးမလေးအသံက နှစ်ဆလောက်ပိုလို့ ကျယ်လောင်သွားတယ်။ ဆရာမတွေရဲ့ထမင်းစားနားချိန်မို့ အိပ်ဖို့ထားရစ်ခဲ့တဲ့ကလေးတွေရန်ဖြစ်နေခြင်းကို ထမင်းနဲ့နှုတ်ဆက်နေတဲ့ဆရာမတွေမသိနိုင်ရှာ။
"အီး ဟီးဟီး နာ့မုန့်"
မပီကလာပီကလာအသံလေးက ကျယ်လောင်တာမို့ ဘေးက ကလေးငယ်လေးတွေက၀ိုင်းလို့ကြည့်တယ်။ ၀င်လဲမပြောရဲကြဘူး။ ကျောင်းသူသစ်လေးက အသံပြဲသလို လူဆိုးကောင်လေးကလဲ သွားထက်တယ်။ ဟိုတစ်ခါရန်ဖြစ်တုန်းက ဆရာမသားလေးကိုကိုက်လိုက်တာများ အကွင်းလိုက်ကြီးရယ်မို့ ဘယ်သူမှဝင်မပြောကြရဲပဲ မျောက်ပွဲကြည့်သလို ၀ိုင်းအုံလို့သာ ကြည့်နေကြတယ်။
"နာ့ မုန့် နာ့မုန့်ပါယို့ရှို"
မပီကလာအသံလေးကို လျစ်လျူ ရှုရင်း ငဂျစ်လေးက နားမငြီးသည့်နှယ်မုန့်ကို ပိုလို့ဖိကိုက်ဝါးပြတယ်။ မျက်ရည်ဥလေးတွေ တွဲလဲခိုနေတဲ့ကောင်မလေးက အသားဖွေးဖွေးလေးမို့ မျက်ရည်ဥလေးတွေတွဲလဲခိုနေတဲ့ မျက်ခမ်းစပ်လေးနဲ့ နှာဖျားထိပ်လေးက ဆေးဆိုးထားသလို ရဲရဲတောက်တောက်လေး။ သိပ်ပြီးချစ်ဖို့ကောင်းလွန်းတယ်။ တစ်အိမ်လုံးရဲ့နှလုံးသားမျက်ရှုလေးမို့ အနိုင်ကျင့်မခံရဘူးတဲ့ ကလေးမလေးက အားပါးတရကိုငိုပါတယ်။ နှာရည်တွေလဲထွက်သလို အဖြူ အပြာစပ်အင်္ကျီလေးကလဲ နှာရည်တွေ မျက်ရည်တွေနဲ့ပေသလူးလို့။ မုန့်ပြန်မရတာမို့ ပိုတိုးလို့ငိုရှိုက်ရာကနေ စိတ်မရှည်သည့်ဟန် အပြေးသွားကာ မုန့်စားနေတဲ့ကလေးလေးကို ခုံပေါ်ကပေတံနဲ့ရိုက်ဖို့ပြင်တယ်။ ငါ့မုန့်စားတဲ့ကောင် သေပေရော့ဆိုပြီးတော့ပေါ့။ သို့ပေမယ့် တစ်ဖက်ကောင်လေးက ပိုအားသန်တာမို့ အနားမရောက်ခင် စောင့်တွန်းခြင်းခံလိုက်ရတာပါပဲ။ ခုံစောင်းနဲ့လက်နုနုလေးက ထိမိသွားတာမို့ ရဲစက်သွားတဲ့ တံတောင်လေးကို ကြည့်ရင်း ကလေးမလေးကို ပိုတိုးလို့ငိုတယ်။
YOU ARE READING
Unknown [Completed]
Short StoryWill we fall in love with people regardless of their point of view?? Start date-11.10.2021 End date-4.12.2021 Crd all pictures that use in this story are from google.