၅နှစ်အရွယ်ကလေးနှစ်ယောက်ရဲ့ ပထမဆုံးသူငယ်တန်းကျောင်းတက်ရက်က ဆူဆူညံညံ။ ကွန်ပါဘူးနဲ့ရိုက်ပြီး ကာကွယ်ပေးခဲ့တဲ့ရက်နောက်ပိုင်းမှာ မိုးသွန်းခြယ်ဟာ ရှေးလင်္ကာရဲ့တစ်ဦးတည်းသော အဆိုးခံလေးဖြစ်လာတယ်။ ပြန်မဖတ်နဲ့ မင်းတို့မြင်တာမှန်တယ်။ သူငယ်ချင်းဆိုတာထက် အဆိုးခံလေး။ တစ်အိမ်လုံးရဲ့အလိုလိုက်ခံလေး ရှေးက ခပ်ရွတ်ရွတ်လူဆိုးမလေး။ အိမ်တစ်ခုလုံးရဲ့အချစ်ကို သိမ်းထားရုံမက မိုးသွန်းခြယ်လေးရဲ့ စိတ်ရှည်မှု့တွေအားလုံးကိုလဲ သိမ်းယူထားပြန်တယ်။ စိတ်မရှည် စကားနည်းတတ်တဲ့ မိုးသွန်းခြယ်လေးက ရှေးအတွက်တော့လအထူးသီးသန့် စိတ်ရှည်ပေးတတ်ပါရဲ့။
"တွန်းတွန်းရေတွားကြမယ်"
အိမ်ရှေ့ဘက်က သွားကျိုးမလေးရဲ့ ရှေ့သွားတစ်ချောင်းကျိုးထားတဲ့ သွားလေထွက်တဲ့သံလေးက ဆူဆူညံ။
"သွန်းသွန်းလို့မခေါ်ပါနဲ့လို့ ဘယ်နှယ်ခါ ပြောရမလဲ"
ဆံပင်တိုကပ်ကပ်လေးနဲ့ ကလေးမလေးက အင်္ကျီအဖြူ ကိုမှ ကျောင်းစိမ်းဘောင်းဘီရှည်လေးနဲ့တွဲလို့ဝတ်ဆင်ထားတယ်။ ဂါဝန်နဲ့ကောင်မလေးက ရီလိုက်တိုင်းရှေ့သွားလေးတစ်ချောင်းကလွတ်လို့ပေါ့။ တူညီတဲ့အရောင်ဝတ်ထားတဲ့ကလေးနှစ်ယောက်က တစ်ယောက်လက်ကိုတစ်ယောက်ဆွဲရင်း လမ်းမကြီးဆီကို လှမ်းလျှောက်သွားတယ်။ နောက်ဘက်က ရှေးမေမေရဲ့ ခပ်ကြီးကြီးအပြုံးကို ဆင်မြန်းထားပြီး သွန်းလေးလက်ကို သေချာကိုင်ထားဆိုတဲ့ ခပ်ကျယ်ကျယ်စကားသံကိုတော့ ရှေ့ဘက်က ကလေးမနှစ်ယောက်ကကြားပါရဲ့လားမသိ။ ပထမဆုံးဘ၀ထဲကို စလှမ်းတဲ့ခြေလှမ်းတွေပါပဲ။ ဘယ်ညာထပ်တူညီခဲ့ကြတယ်။ နှစ်ယောက်ထဲစလျှောက်ခဲ့တဲ့ လမ်းမှာ အထောက်အပံ့ပြုမယ့်သူတွေကိုမေ့ထားရင်း အပြုံးတွေဝေခဲ့တယ်။ နှစ်တွေအများကြီးကြာတဲ့ထိ သူတို့ခြေလှမ်းတွေ ထပ်တူကျမယ်ထင်လား။
YOU ARE READING
Unknown [Completed]
Historia CortaWill we fall in love with people regardless of their point of view?? Start date-11.10.2021 End date-4.12.2021 Crd all pictures that use in this story are from google.