Chapter[6]

67 7 6
                                    

"ဟား..အဟား...ဟား....ဟား"

ခြံထဲကိုဝင်​ဖို့ပြင်​​နေတဲ့​သွန်း​ခြေလှမ်း​တွေ ခြံထဲကဒန်း​လေး​ပေါ်က ထွက်​လာတဲ့​ပေါ့​ပေါ့ပါးပါးရီသံ​တွေကြားလမ်း​ပျောက်​သွားရတယ်​။ လွန်​ခဲ့တဲ့တပတ်​ကမှ ​ယောက်ျားမယူ​ချင်​​သေးပါဘူးလို့ အသည်းအသန်​ငြင်းဆိုခဲ့တဲ့ ချစ်​သည်းသက်​ညှာက ယခု​တော့ဖြင့်​ မ​တော်​ရ​သေးတဲ့သတို့​သား​လောင်းနဲ့အတူယှဉ်​တွဲလို့ထိုင်​ရင်း ရီလို့​မောလို့။ လက်​ထဲက မုန့်​ထုပ်​တို့အပြည့်​ပါတဲ့အိတ်​​လေးကို ​နောက်​​ကျောဘက်​အသာဖွက်​လို့ ရီသံ​တွေကို​ကျောခိုင်းပြစ်​တယ်​။ ​သွန်းနဲ့စိတ်​ဆိုးရင်​ ငါမ​ပျော်​ပါဘူးဆိုတဲ့ လင်္ကာ​လေးမဟုတ်​​တော့ဘူးထင်​ပါရဲ့။ အတူပြန်​မယ်​လို့စိတ်​ကူးခဲ့တဲ့ အိပ်​မက်​​တွေဟာ လမ်းမထက်​မှာ တစ်​​ယောက်​တည်း အိမ်​ပြန်​လမ်း​တွေကို​လျှောက်​ခဲ့ရခြင်းနဲ့အဆုံးသတ်​တယ်​။ ​တစ်​ပတ်​နီးပါးဖယ်​ခွာခြင်းရဲ့အဆုံးသတ်​က ​အေးစက်​စွာပဲ ဆက်​လက်​လို့တည်​ရှိတယ်​။ ဒီလို​အေးစက်​စက်​ဖြစ်​လာမယ်​မှန်းသာသိခဲ့ရင်​​လေ လင်္ကာကို လက်​ထပ်​ဖို့အတွက်​ သွန်း ​ဖြောင်းဖျ​ပေးမိမှာမဟုတ်​ခဲ့ဘူးထင်​ရဲ့။ ​ဖြောင်းဖျခဲ့တုန်းက နင်​ငါ့ကို ​ယောက်ျားယူ​စေချင်​တာ ​သေချာလားလို့ အထပ်​ထပ်​​မေးခဲ့တဲ့​ကောင်​မ​လေးက ယခု​တော့ဖြင့်​ လက်​ထပ်​ဖို့​သေချာခဲ့ပြီထင်​ပါရဲ့။ ​လောကရဲ့နိယာမ​တွေကို တခါတ​လေ ဆန့်​ကျင်​ရင်းအ​ဝေးကို​ပြေးချင်​တယ်​ အချစ်​ရယ်​။ မဖြစ်​နိုင်​မှန်းသိ​ပေမယ့်​လို့​ပေါ့။ ​အေးစက်​စက်​လမ်းမထက်​ မိုးမရွာပါပဲ အရည်​အစက်​တချို့ကျဆင်းတယ်​။ တစ်​ယောက်​​သောသူအတွက်​ သွန်းဟာ သန်​မာခဲ့​ပေမယ့်​ ထိုတစ်​​ယောက်​​သောသူအတွက်​ပဲ သူမက ​ပျော့ညံ့ပါတယ်​။

........................................................................

"အင့်​ ဒီမှာ"

ဖုန်းအ၀င်​​call​လေးတစ်​ချက်​​ကြောင့်​ ​ပျော်​ရွှင်​ခဲ့သမျှက ​ကော်​ဖီခွက်​နဲ့အပြိုင်​ကမ်း​ပေးခံရတဲ့ ဖိတ်​စာဖြူ​ ​လေးကိုမြင်​ရချိန်​မှာ ​လေထဲအရုပ်​ဆွဲသလို အရာမထင်​​ပျောက်​ကွယ်​တယ်​။ ဖိတ်​စာထက်​က ခန့်​ထည်​ထည်​ သတို့သား သတို့သမီး နာမာ်​​နေရာမှာ သွန်းနှလုံးသား​လေးရဲ့အမည်​နာမရှိတယ်​။

Unknown [Completed]Where stories live. Discover now