Final

122 8 0
                                    

ခပ်​လှမ်းလှမ်းဆီကမြင်​​နေရတဲ့ ဖုန်းရုံငယ်​က နီယွန်​မီးတိုင်​​အောက်​မှာ ထင်​ထင်​ရှားရှား။ ခပ်​ဖွဲဖွဲကျ​နေတဲ့​ရေစက်​ငယ်​အချို့​ကြား အထီးကျန်​​ကြောင်​ငယ်​​လေးလို ဒူးက​လေး​ကွေးလို့ ​ခေါင်းငုံ​နေသူနားအလျင်​အမြန်​အ​ပြေးသွားမိတယ်​။ ကြည်​လင်​လင်​မျက်​၀န်း​လေး​တွေက ငိုထားမှန်းသိသာစွာ ရဲစက်​စက်​ရှိ​နေပြီး ​ငွေ့ရည်​ဖွဲ့​နေမှု့က ရင်​ထဲကို အပ်​​ပေါင်းတစ်​​ထောင်​နဲ့ထိုးနှက်​သလို တစက်​စက်​နာကျင်​​စေတယ်​။

"ဘာဖြစ်​လာတာလဲ"

အ​မေးစကားအဆုံး ပြန်​လို့​မော့ကြည့်​လာတဲ့မျက်​၀န်း​လေး​တွေကို မကြည့်​နိုင်​​တော့တဲ့အဆုံး ​ပွေ့ဖက်​လို့ ငို​ကြွေးမိခြင်းပါပဲ။ အချစ်​​ရေ မင်း​ရှေ့မှာ အားနည်းသူမဖြစ်​ချင်​​ပေမယ့်​ ကိုယ့်​အားနည်းချက်​က မင်းမျက်​ရည်​​တွေဖြစ်​တဲ့အခါ မျက်​ရည်​ပင်​လယ်​​ဝေရပါတယ်​ကွယ်​။

"အိမ်​ပြန်​ကြရ​အောင်​"

ချစ်​ရ​သောရဲ့ပုခုံးထက်​မျက်​နှာအပ်​လို့ မျက်​ရည်​မိုး သည်းသည်းထန်​ထန်​ရွာချပြီးချိန်​မှာ ခပ်​အက်​အက်​အသံနဲ့ ထိုစကားတစ်​ခွန်းကိုသာဆိုမိတယ်​။ မြတ်​နိုးရ​သောကလည်း ထပ်​တူမိုး​တွေ​စွေခဲ့တယ်​ထင်​ရဲ့ ပုခုံးထက်​မှာ မိုး​ရေစက်​​လေလား မျက်​ရည်​စက်​​လေလားမသဲကွဲစွာ ​ငွေ့ရည်​ဖွဲ့ရာမှကျဆင်းလာတဲ့ အရည်​ကြည်​အစက်​အ​ပေါက်​​လေးတို့ စိုစွတ်​လို့ကျန်​ရစ်​ခဲ့တယ်​။

"ငါတို့အိမ်​လား...."

"အင်း....."

လက်​လွှတ်​​ပေးခဲ့ခြင်းက တစ်​ခါဆိုလုံ​လောက်​ပြီမလား။ တစ်​ပါးသူနဲ့​ပျော်​​စေခြင်​လို့ လက်​လွှတ်​ခဲ့​ပေးခြင်းက မြတ်​နိုးရသူကိုနာကျင်​​စေခဲ့တယ်​ဆို ဒီလူသားကိုပြန်​လို့ သိမ်းဆည်း​ထွေး​ပွေ့ပိုင်​ခွင့်​ကို​တော့ဖြင့်​ သွန်း က ရသင့်​တယ်​မလား။ မူလက ခပ်​ဖွဲဖွဲကျဆင်းတဲ့မိုးစက်​​တွေက သည်းသည်းထန်​ထန်​ကျဆင်းလာတယ်​။ နီယွန်​မီးဝါ၀ါ​တွေ​အောက်​မှာ လက်​အချင်းချင်းတင်းတင်းကြပ်​ကြပ်​ဆုပ်​ယှက်​လို့ မိုး​ရေထဲ ဖြတ်​​လျှောက်​​နေတဲ့​ကောင်​မ​လေးနှစ်​​ယောက်​ရဲ့ ရင်​ခုန်​သံ​တွေကလည်း မိုး​ရေစက်​​တွေလို သည်းသည်းထန်​ထန်​ခုန်​လှုပ်​လို့​နေရင်း......

Unknown [Completed]Where stories live. Discover now