Chapter[4]

59 11 14
                                    

အ၀ါနု​ရောင်​​ဖျော​ဖျောဂါဝန်​​လေးနှင့်​ လင်္ကာက ​ကြွေရုပ်​​လေးလို။ အိမ်​ထဲရှိဧည့်​သည်​အချို့က ​နေ့လယ်​​စောင်းမှ​ရောက်​လာ​သော ​မွေး​နေ့ရှင်​ကို ကွက်​ကြည့်​ကွက်​ကြည့်​။ မိတ်​ကပ်​ပါးပါးဖုံးထား​သော်​လည်း ရဲစက်​စက်​နှာဖျား​လေး​တွေက​တော့ နှင်းသီး​လေးသဖွယ်​ ဖုံးကွယ်​မရခဲ့ပါ။

"ဘာလို့ ​နောက်​ကျ​နေတာလဲ"

အန်​တီ့အ​မေးကို နှုတ်​ခမ်း​လေးတစူစူနှင့်​​ပြော​နေ​သော ​ကောင်​မ​လေးက သွန်းက မြတ်​နိုးမ၀စွာ ကြည့်​သည်​။ သွန်းရဲ့ဘဲ​ပေါက်​မ​လေးက တစ်​ကယ့်​ကိုအရုပ်​​လေးသဖွယ်​သိပ်​ချစ်​စရာ​ကောင်းလွန်းပါသည်​။

"ကိတ်​ခွဲကြမယ်​​လေ"

မိဘအိမ်​ပြန်​​ရောက်​တာမှမကြာ​သေး ​နောက်​ဆုံးအစီစဉ်​ကိုလုပ်​ကာ တိုက်​ခန်းပြန်​ဖို့ဖင်​တကြွကြွဖြစ်​​နေသူကို ​ရှေးရဲ့​မေ​မေက မျက်​​စောင်းထိုးသည်​။ ​ငွေ​တွေပုံ​ပေးနိုင်​တဲ့ အသိုင်းဝိုင်းမှာ​နေရ​သော်​လည်း ​မေတ္တာငတ်​​နေသည့်​ သွန်းက သူမရသည့်​ ​မေတ္တာ​တွေကို လင်္ကာ​လေးအ​ပေါ်ပုံ​ပေးထားပုံရသည့်​ သွန်း​လေးကို ​ဒေါ်မြတ်​နိုး​ဝေကလည်း သ​ဘောတကျရှိပါသည်​။ ကိုယ့်​သမီး​လေးကို အလိုလိုက်​​နေတာ ဘယ်​သူမကြိုက်​ရှိပါ့မလဲ​လေ။

"Happy birthday to you
Happy birthday to you...
Happy birthday dear Linkar
Happy birthday to you..."

မီးမှုတ်​ကာ မျက်​လုံးစုံမှိတ်​လို့ ဆု​တောင်းလိုက်​သည့်​ ​ကောင်​မ​လေးရဲ့မျက်​လုံးအစုံ မျက်​လုံးမမှိတ်​ခင်​တခဏမှာ အ၀ါဆင်​တူ​လေးဝတ်​ထား​သော ဆံပင်​တိုတိုနှင့်​​ကောင်​မ​လေးဆီ ​ဝေ့၀ဲသွားမှန်း သတိထားကြည့်​မိသူသာ ရှိရင်​သိနိုင်​သည်​။

"အာ..."

ခွဲစိတ်​ခြင်းခံလိုက်​ရ​သော ​ချောကလတ်​ကိတ်​​လေးရဲ့ ပထမဆုံး အစိတ်​အပိုင်း​လေးရဲ့ဦးတည်​ရာက ​မွေး​မေ​မေမဟုတ်​သလို ​ကျွေး​ဖေ​ဖေလဲမဟုတ်​ပဲ ချစ်​ရပါ​သော သူငယ်​ချင်း​လေးဆီ။ ​မွေးထားတဲ့အ​မေနဲ့အ​ဖေက​တော့ ​ဗိုက်​ထဲပင်​ပြန်​ခွဲထည့်​ချင်​​နေ​လောက်​မလား။

Unknown [Completed]Where stories live. Discover now