Unicode
"ထယ်ယောင်း အတန်းချိန်ပြီးရင်လစ်ရအောင်"
တက္ကသိုလ်ရောက်တာဖြင့် နှစ်လကျော်ကျော်လောက်ကို ဒင်းကဘယ်နှစ်ခါတောင်အတန်းတွေလစ်နေမှန်းမသိဘူး
အခုလဲ ဂျီမင်တစ်ယောက် ထယ်ယောင်းကိုမဲဆွယ်နေပြန်သည်"မလိုက်ဘူးကွာ ငါစာတွေမပြီးသေးဘူး"
ထယ်ယောင်းမှာ ရှေ့ကဆရာမရေးပြနေသည့်စာတွေကိုအသန်းအသည်ကုန်းမှတ်နေသည်
ဂျီမင်ကတော့ နှုတ်ခမ်းတစ်တောင်လောက်ထွက်လာပြီ အထက်တန်းတုန်းကသူ့သူငယ်ချင်းက အပြင်သွားဖို့ဆိုနှစ်ခါမခေါ်ရဘူး ခုတော့ဒီကောင်အချိုးတွေပြောင်းနေပြီ"မင်းမလိုက်ရင် ငါမင်းကိုမခေါ်တော့ဘူး"
ဟော ကြည့်ကြည့် လူကရည်းစားတော့လိုချင်တယ် ခုထိသူဖြစ်ချင်တာမရရင် ဟိုးငယ်ငယ်လေးတည်းကပြောခဲ့တဲ့စကားနဲ့ထယ်ယောင်းကိုအကျပ်ကိုင်တုန်း
"မင်းကလဲကွာ ငါစာတွေလွတ်ကုန်မှာစိုးလို့ ပြီးတော့ငါကမင်းလိုစာကိုခဏကြည့်ပြီးရတာမဟုတ်ဘူး"
"မသိဘူးကွာ ငါစာသင်ရတာခေါင်းနောက်လာပြီ"
"ခေါင်းနောက်ရင် မင်းဘာသာထွက်ကွာ!"
အမယ်လေး လန့်တာ..ဘယ်ကအသံထွက်လာတာလဲ
အနောက်လှည့်ကြည့်တော့ ဂျောင်ဂုက စာမှတ်နေရင်းနဲ့သူ့ကိုစိတ်မရှည်ဟန်ဖြင့်ပြောနေတာ
အရင်တုန်းကအေးသလိုလို ဘာလိုလိုဆိုပေမယ့် နောက်မှသိလိုက်ရတာက သူဂျောင်ဂုနဲ့သိပ်ပြီးအကြောမတည့်ချင်ဘူးဆိုတာကိုပင်
ထယ်ယောင်းကျ တစ်ခွန်းဆိုတစ်ခွန်းဒီကောင်က"ဟေ့ရောင် မင်းကိုခေါ်လို့လားငါက"
ဂျီမင်ကလဲ တစ်ခွန်းဆိုတစ်ခွန်းပြန်ပြီးတုံ့ပြန်လိုက်ရမှစိတ်သက်သာရာရတဲ့သူမျိုး
"ငါ့ကိုမခေါ်ပေမယ့် ရှေ့ကပွစိပွစိနဲ့နားညီးတာမခံနိုင်လို့ ပြီးတော့ထယ်ယောင်းကိုပြသာနာမရှာစမ်းပါနဲ့"
"ဘာရယ်!! ငါကငါ့သူငယ်ချင်းကိုဘာကိစ္စပြသာနာရှာရမှာလဲ"
"မင်းအခုလုပ်နေတာ ပြသာနာပဲပေါ့"