Unicode
Unicode
"ထယ်ယောင်း!"
သူရောဘိုဂမ် hyungပါတစ်ပြိုင်နက်တည်းလှည့်ကြည့်မိသည်ထိ ဂျောင်ဂုအသံကနည်းနည်းကျယ်သည်
စာကြည့်တိုက်ထဲက တစ်ချို့သောစာဂျပိုးတွေက မျက်မှန်အောက်ကနေ ဂျောင်ဂုအားမျက်စောင်းတွေလှိမ့်ထိုးနေကြပြီ"ဂျောင်ဂု ဘာလို့လဲ"
ထယ်ယောင်းက ပြူးကြောင်ကြောင်လေးနဲ့ကြည့်နေသည်
ဂျောင်ဂုမှာ ရှေ့ကလူကိုအသည်းအသန်အကဲခတ်နေသည့်မျက်လုံးများဖြင့်"စာကြည့်တိုက်သွားတာ ဘာလို့ငါ့ကိုမစောင့်တာလဲ"
"အော် မင်းကအိမ်သာသွားနေတော့ ငါကမင်းမလိုက်လောက်တော့ဘူးထင်လို့ပါ"
"ငါလဲစာကြည့်စရာတွေရှိတာကို"
ဂျောင်ဂုက စူပုပ်ပုပ်လေးဖြင့်တိုးတိုးလေးပြောသည်
ထယ်ယောင်း မှာစီနီယာ့ကိုတောင်နည်းနည်းအားနာသွားရသည်
ဘိုဂမ် hyungကလဲဒီကနေခြေတစ်လှမ်းမှမရွေ့
နေရခက်နေတဲ့အခြေအနေကို သူဝင်ထိန်းမှဖြစ်တော့မည်"ဂျောင်ဂု ဒါငါတို့ရဲ့စီနီယာတန်းက ပက်ခ်ဘိုဂမ်တဲ့"
အခုမှ အနှီလူသားလေးက ရောက်လာတဲ့သူငယ်ချင်းနဲ့မိတ်ဆက်ပေးတော့သူလဲ လူမှုရေးမခေါင်းပါးတာကြောင့် ကိုယ်ကပဲအကြီးပီပီစ၍ လက်ကမ်းပေးလိုက်သည်
"တွေ့ရတာဝမ်းသာပါတယ် အကို့ကိုစာမေးစရာရှိရင်အားမနာနဲ့နော် ဒါနဲ့နာမည်က?"
ဂျောင်ဂုစိတ်ထဲတွင် ပက်ခ်ဘိုဂမ်ဆိုတဲ့စီနီယာကိုလုံးဝသဘောမကျသော်လဲ ယဉ်ကျေးမှုမရှိတဲ့သူတစ်ယောက်အဖြစ် ထယ်ယောင်းကိုမမြင်စေချင်တာကြောင့် ဟိုဘက်ကလေပေါ်မှာကမ်းထားတဲ့လက်တစ်ဖက်ကို ဆွဲလိုက်ရင်း
"ဂျွန်ဂျောင်ဂုပါ"
ဘိုဂမ်စိတ်ထဲတော့ နည်းနည်းမတင်မကျဖြစ်သွားရသည်
ဒီကောင်လေးကိုကြည့်ရတာ သူ့ကိုသိပ်သဘောမကျသလိုပဲ ၊ငါလဲသူ့ကိုဘာမှမလုပ်မိပါဘူး"ထယ်ယောင်း လာလေ စာသွားလုပ်ကြမယ်"
ဂျောင်ဂုက ထယ်ယောင်းရဲ့လက်ကိုဆွဲပြီးခေါ်နေသည်
ပေါ့ပေါ့ပါးပါးလေး ဆွဲနေတယ်ထင်ရပေမယ့် သေချာကြည့်ရင်ဂျောင်ဂုရဲ့လက်ပေါ်ကထနေတဲ့အကြောတွေက အားနဲ့ဆွဲနေမှန်းပေါ်လွင်နေသည်
ထယ်ယောင်းလဲ အတင်းဆွဲနေတဲ့ဂျောင်ဂုဆီ ယက်ကန်ယက်ကန်ပါသွားရင်းဖြင့် ဘိုဂမ်hyungကိုနှုတ်ဆက်လိုက်သေး၏။