12🍒

7K 723 14
                                    

Unicode

ဂျောင်ဂုရဲ့အကိုကြောင့် အကုန်လုံးကြောင်အအဖြစ်သွားရသည်
အဆိုးဆုံးကတော့ ဂျောင်ဂုပဲ

"အကိုကြီးဘာပြောတာ?"

"အော် ဒီကရုပ်ချောချောနဲ့ကောင်လေးကမင်းသူငယ်ချင်းလားလို့မေးတာလေ"

သူ့အကိုရဲ့စရိုက်တွေထဲကတစ်ခုဖြစ်တဲ့ ရည်းစားရှုပ်ခြင်း၊
အကိုကြီးက အနောက်နိုင်ငံမှာကျင်လည်ခဲ့တဲ့သူပီပီ ရည်းစားတွေထည်လဲတွဲလေ့ရှိသည် ဘယ်သူ့ကိုမှအတည်တွဲတာမျိုးမရှိခဲ့ မိန်းကလေးမှမဟုတ် တစ်ခါတလေကောင်လေးတွေတောင်ပါသေးသည် ဒါပေမယ့်တွဲပြီးဖြတ်ခဲ့ယုံသာ ဘယ်သူ့ရဲ့ဘဝကိုမှအကိုကြီးကမဖျက်ဆီးခဲ့ဖူးဘူး
ရည်းစားရှုပ်တာကိုမကြိုက်တဲ့ဒယ်ဒီကတားပေမယ့်လဲ အကိုကြီးကိုယ်တိုင်ကခေါင်းမာတဲ့အမျိုးဆိုတော့ အဖိုးပင်တားလို့မရခဲ့
ဒါပေမယ့် ထယ်ယောင်းတော့မဖြစ်ဘူး အကိုကြီး။ မင်းကစားမယ်ဆိုတခြားသူသာရှာပါ ထယ်ယောင်းကငါ့ရဲ့အရာရာမို့

"သူကကင်မ်ထယ်ယောင်း ကျွန်တော့်အ~ချစ်~ဆုံးသူငယ်ချင်း"

"ဟုတ် မင်္ဂလာပါ ဂျောင်အူhyung တွေ့ရတာဝမ်းသာပါတယ်"

ထယ်ယောင်းက ဂျောင်ဂုရဲ့အကိုဖြစ်တာကြောင့်တရိုတသေပင်ခေါင်းလေးငုံ့ပြီးနှုတ်ဆက်ရှာသည်
ဂျောင်အူတစ်ယောက် ရှေ့ကခေါင်းလုံးလုံးလေးကသူ့ကိုအသည်းယားအောင်လုပ်နေသလိုခံစားနေရတယ်
ပဲရစ်မှာနေခဲ့တုန်းက တွေ့ခဲ့ဖူးတဲ့မျက်လုံးပြာပြာကောင်လေးတွေထက်တောင်ဒီကောင်လေးရဲ့မျက်ဝန်းညိုတွေကလှတယ် ဆွဲဆောင်မှုရှိတယ် ပြီးတော့နူးညံ့တယ်
မင်းအတော်‌ချစ်ဖို့ကောင်းသားပဲ ချာတိတ်

"အင်း တွေ့ရတာဝမ်းသာပါတယ် ကိုယ့်ကိုလဲဂျောင်ဂုလိုပဲခင်နိုင်ပါတယ်"

"ဟုတ်"

မရဲတရဲနဲ့သူ့ကိုကြည့်ရင်း တိုးတိုးလေးမှတကယ့်တိုးတိုးလေး ဖြေလိုက်တဲ့အသံ

"ဒီဘက်ကဂျီမင်လို့ခေါ်တယ်"

"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ဗျ"

‌သူ့ညီဘေးက ပုလုံးလုံးလေးကလဲ အရိုအသေတွေစွတ်ပေးနေသည်
အော် ဒီကလေးတွေလုပ်မှပဲ လူကကိုယ့်ကိုယ်ကိုအဘအရွယ်ရောက်သွားသ‌လိုတောင်ခံစားနေရတာ

HIGHSCHOOL CRUSH 🍒(COMPLETED)Where stories live. Discover now