Unicode
ဆောင်းတွင်းလေ၏ဆော်ဩမှုကြောင့် ပန်းနုရောင်ခပ်ပြေးပြေးသန်းနေသည့်ပါးပြင်မို့မို့လေးမှာမြတ်နိုးဖွယ်အတိ ဒီကြားထဲနီတွတ်နေသည့်နှာခေါင်းရဲရဲလေးဖြင့်ထယ်သည်သူ့လက်အားဆွဲကာပွဲဈေးလျှောက်နေသည့်ကလေးတစ်ယောက်လိုပင်မြင်မြင်သမျှအရာကိုအထူးအဆန်းသဖွယ်ကြည့်နေလေသည်
ခြေလှမ်းလေးတွေမှာလဲခုန်ဆွခုန်ဆွနဲ့အလွန်ပင်တတ်ကြွနေသည်မို့ဘေးကလိုက်လာရသည့်လူကိုပင်အပျော်တွေကူးစက်စေသည်
အပြင်မှာအေးလို့တွေ့တဲ့ဆိုင်ကနေဝယ်ပြီးပတ်ပေးထားရတဲ့မာဖလာထူထူကြီးထဲတွင်မြုပ်နေသည့်မျက်နှာသေးသေးလေးမှာနှာခေါင်းပေါ်ရုံလေးပင်ရှိသည်
“ဂျွန်…”
“ဗျာ”
“ဟီးဟီး”
သူပြန်ထူးလိုက်တာဘာများရီစရာပါသွားလဲမသိပေမယ့် ထယ်ဟာ တဟီးဟီးဖြင့်သွားဖွေးဖွေးလေးတွေပေါ်အောင်ပင်စိတ်လိုလက်ရပြုံးနေသည်
“ဟောဗျာ ဘာရီတာတုန်းထယ်ရယ်”
“ဒီတိုင်းပဲ ဂျွန်ကထယ့်ဘေးနားမှာအခုလိုရှိနေတာကိုအရမ်းသဘောကျလို့”
ဟုဆိုပြီးဆွဲထားတဲ့လက်တစ်ဖက်ကိုပါရှေ့နောက်ယမ်းကာသဘောတကျလေးရီနေပြန်သည်
ကိုယ်လဲထယ့်ဘေးမှာရှိနေရတာကိုသိပ်ပြီးသဘောကျတာပေါ့ ချစ်ရတဲ့သူလက်ကိုဆုပ်ကိုင်ပြီးလျှောက်နေရတဲ့အချိန်မှာဖြစ်တည်လာတဲ့ကြည်နူးမှုတို့ဟာစကားလုံးတွေနဲ့တောင်ဖော်ပြရန်ခဲယဉ်းလွန်းသည် ထယ်ဟာသူ့အတွက်အာ့လိုဖြစ်တည်မှုမျိုးပင်
“ကိုယ် ထယ့်ဘေးမှာတစ်သက်လုံးအတူတူရှိသွားမယ်”
“တကယ်လား ဂျွန်”
သူတို့နှစ်ဦးလုံးမတိုင်ပင်ဘဲခြေလှမ်းတွေရပ်ပစ်ခဲ့ကြသည် တစ်ချက်တစ်ချက်လေပြည်အေးတွေဟာထယ့်ရဲ့ဆံနွယ်ကောက်ကောက်လေးတွေပေါ်သို့ရှပ်ပြေးသွားစဉ်ဖြစ်ပေါ်လာသောလှုပ်ရှားမှုသေးသေးလေးတွေကအစကဗျာဆန်ရက်တဲ့ချစ်သူ
လမ်းမပေါ်တွင်ပျံ့ကြဲနေသာချယ်ရီပွင့်များ ဖြည်းညှင်းစွာတိုက်ခတ်လာသောလေနုအေးများမှာအေးစိမ့်စိမ့် ကောင်းကင်တစ်ခွင်ရှိကြယ်တာရာများအောက်တွင်တော့သိပ်ချစ်ကြသည့်ချစ်သူနှစ်ဦးသည်တစ်ယောက်ကိုတစ်ယောက်ပျောက်ကွယ်သွားမှာစိုးသည့်အလား မျက်နှာချင်းဆိုင်ရပ်ကြည့်နေခဲ့ကြသည်