16🍒

6.7K 722 33
                                    

Unicode

ရှာနေသည်မှာအတော်ပင်အချိန်လင့်နေသော်လဲ အရိပ်အယောင်ပင်မတွေ့ရသောသူနှစ်ယောက်သည်ဘယ်ဆီများရောက်နေကြသလဲ
ပြည့်ကျပ်သိပ်နေတဲ့လူအုပ်ကြီးကြားထဲ သူလဲတကယ်မနေချင်တော့ပါ နဂိုတည်းကအနံ့ sensitiveသမားမို့နှာခေါင်းထဲဝင်ဝင်လာတဲ့ချွေးနံ့တွေအနံ့ပေါင်းစုံတို့ဟာအလွန်ပင်ခေါင်းကိုက်စေသည်
ဂျောင်ဂု ခြေဦးတည့်ရာသာလျှောက်ပြေးနေရင်းစက္ကူလှေတွေလွှတ်နေကြတဲ့ရေကန်နားဆီသို့အရောက်မြင်လိုက်ရတဲ့ပုံရိပ်ငယ်တစ်ခု
ပန်းဆီရောင်ခပ်တောက်တောက်သိုးမွှေးဦးထုပ်လေးဆောင်းထားသည်မှာ ထယ်ယောင်းမှထယ်ယောင်းပင်

ဝမ်းသာအားရလှမ်းလိုက်မိတဲ့ခြေလှမ်းတွေဟာ အကိုကြီးရဲ့အပြုအမူတစ်ခုကြောင့်အနည်းငယ်တွန့်ဆုတ်သွားရသည်
ထယ်ယောင်းရဲ့မျက်နှာချင်းဆိုင်တွင်ရပ်နေသည့်အကိုကြီးသည် ထယ်ယောင်း၏လက်နှစ်ဖက်အားဆုပ်ကိုင်ကာစကားတွေပြောနေခဲ့သည်
ဘာတွေပြောနေကြလဲမသိပေမယ့် ထယ်ယောင်းကလဲဂရုစိုက်နားထောင်သည့်ဟန်ဖြင့်မော့ကြည့်ပြီးစကားတွေပြန်ပြောနေသည်
ခဏအကြာတစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်လိုက်ကြသည့်မြင်ကွင်းသည် သူ့ရင်တစ်ဘတ်တစ်ခုလုံးကိုဆွဲစုတ်ပစ်သည့်နှယ် နှလုံးသားတစ်စုံဟာတင်းကျပ်လာရသည်

မြင်ကွင်းတွေဟာဝေဝေဝါးဝါး ဒါဟာမျက်ရည်တွေကြောင့်ပင်ဖြစ်ပေလိမ့်မည်
သူကိုယ့်ကိုယ်ကိုသိပ်ပြီးအထင်ကြီးခဲ့မိဟန်တူသည်
ကိုယ့်ဥယျာဉ်ထဲကပန်း ဘယ်အချိန်ခူးခူးဖြစ်တယ်ဆိုပြီးအမှတ်နဲ့သတိလက်လွတ်နေခဲ့မိတာ ။ ထယ်ယောင်းကို သူ့အပိုင်ပန်းပွင့်လေးအဖြစ်တစ်ဖက်သတ်တွေးပြီးအရိပ်တကြည့်ကြည့်နေခဲ့ပေမယ့် တကယ်တော့ထယ်ယောင်းဟာ ဥယျာဉ်အပြင်ဘက်မှာလွတ်လပ်စွာပွင့်လန်းနေတဲ့ပန်းလေးတစ်ပွင့် အာ့ပန်းကိုမည်သူမဆိုမျှော်မှန်းခွင့်ရှိနေတယ်ဆိုတာကို သူဟာမေ့လျော့နေခဲ့ပါသည်

‌ခုနကထိတတ်ကြွနေခဲ့တဲ့ခြေလှမ်းတို့ဟာအလိုလိုနောက်ဆုတ်လျက်သားဖြင့် ဒီနေရာကနေအဝေးဆုံးသို့ပြေးထွက်လာလိုက်သည်

"ဟိုဆော့...ရှာပုံတော်မင်းသားကြီးဘယ်နိုင်ငံကြွသွားပြီလဲ"

HIGHSCHOOL CRUSH 🍒(COMPLETED)Where stories live. Discover now