Unicode
နှစ်တစ်နှစ်ရဲ့နောက်ဆုံးရက်ဖြစ်သည့် ဒီဇင်ဘာလ 31ရက်နေ့
အသဲရဲ့မိဘတွေဆီမရောက်ဖြစ်တာအချိန်ကြာနေပြီမို့ ဒီကနေ့ဒယ်ဂူဘက်သို့ဆင်းကြမည်ဖြစ်သည်"ဒယ်ဒီ!!!"
အရောင်ဆင်တူဝတ်စုံလေးတွေဖြင့်အိမ်ပေါ်မှပြေးဆင်းလာကြည့်အသည်းမြွှာနှစ်ယောက်အား တစ်ယောက်တစ်ဖက်ဆီပွေ့ချီလိုက်သည်
ဒီသား ဒီသမီး ဒီအမျိုးသားလေးအားကျွန်တော်တတ်နိုင်သမျှခွန်အားတို့ဖြင့်ကာကွယ်စောင့်ရှောက်သွားမည်သမီးငယ်လေးရဲ့ ဆံပင်ဂုတ်ဝဲလေးကအနည်းငယ်ရှည်လာပြီမို့ သူ့ပါပါးကိုအတင်းပူဆာပြီး ကျစ်ဆံမြီးကျစ်ခိုင်းခဲ့ပုံရသည်
ဖရိုဖရဲနဲ့ထွက်လာသည့် ဆံပင်သေးသေးလေးနှစ်ဖက်က မလုပ်တတ်လုပ်တတ်ဖြင့်အကောင်းဆုံးလုပ်ပေးခဲ့ရှာတဲ့ အသဲရဲ့ဖခင်မေတ္တာကိုအပြည့်အဝခံစားမိပါတယ်"မီးမီးကို ပါပါးစည်းပေးထားတာ လှလားဟင်"
"လှပါ့ဗျာ ဒယ်ဒီ့သမီးလေးက ကမ္ဘာပေါ်မှာအလှဆုံးပဲ"
ကျွန်တော့်စကားကြောင့် သမီးငယ်လေးက ပါးဖောင်းဖောင်းလေးနှစ်ဖက်မို့တတ်သွားအောင်ရီသည်
ဘယ်သူမြင်မြင် ဒါဟာထယ်ယောင်းသမီးမှန်းလူတိုင်းခန့်မှန်းနိုင်လောက်တဲ့ထိ သမီးကသူ့ပါပါးနဲ့သိပ်တူတာ"ဒယ်ဒီ"
"ဗျာ"
ညာဘက်လက်မောင်းပေါ်မှာအကျအန နေရာယူထားသည့်ကျွန်တော့်ရဲ့ကိုယ်ပွားလေးဖြစ်တဲ့သားကြီးက တစ်ခုခုပြောရန်ဟန်ပြင်နေသည့်ပုံ
"ပါပါးကဘာလို့ခုထိဆင်းမလာသေးတာလဲ"
အော်..လက်စသတ်တော့ သူ့ပါပါးကိုမေးမလို့ကို
သားကြီးက အသဲကိုမျက်စိအောက်ကအပျောက်မခံပါ သိပ်ကိုခင်တွယ်ရှာသည်
တစ်ခါတလေ အငယ်လေးထက်တောင်ပိုပြီးချွဲသည်
အင်း...ကျွန်တော်နဲ့တူတဲ့သားကြီးက ပါပါးကိုအချိန်ပြည့်တွယ်ကပ်နေချင်တာပါလာတူနေပြန်ပါပြီ"လာပါပြီဗျာ အိမ်တံခါးတွေကိုစစ်နေလို့ပါ"
အသံဆာဆာလေးဖြင့် ထွက်လာသည့် ကျွန်တော်တို့သားအဖသုံးယောက်လုံးရဲ့အသည်းကျော်ပါပါး
ဆွယ်တာအဖြူရောင်လေးနဲ့အသဲက မြင်သူတကာရဲ့စိတ်နှလုံးကိုအေးချမ်းသွားစေနိုင်သည့်လွှမ်းမိုးမှုလေး