Unicode
“ငါ့ဘက်က အတည်ဆိုရင်ရော မင်းသူငယ်ချင်းကို လိုက်လို့ရမလား”
အခုအကိုကြီးက ထယ်ယောင်းကိုစိတ်ဝင်စားနေတယ်လို့ပြောလိုက်တာလား
ဒါဘယ်လိုအခြေအနေကြီးလဲ အထက်တန်းထဲကစိတ်ဝင်စားလာခဲ့တဲ့သူကရော ဘယ်လိုဖြစ်သွားမှာလဲ??ငယ်ငယ်တည်းကစီးပွားရေးကိုအာ့လောက်ဝါသနာပါခဲ့တာမဟုတ်ပေမယ့် မိသားစုရဲ့သားအကြီးဖြစ်တဲ့အကိုကြီးက အိမ်ရဲ့စီးပွားရေးကိုဦးမဆောင်ချင်လို့ထွက်ပြေးသွားခဲ့တာကြောင့် အဖိုးကကျန်ခဲ့တဲ့သူ့အပေါ်မှာပဲမျှော်လင့်ချက်တွေထားခဲ့တာ၊ ဒါကြောင့် ရွေးချယ်ခဲ့ယုံအပြင်မပိုဘူး
ငါ့ဘဝရဲ့ငယ်ရွယ်မှုတွေထိပါပေးဆပ်ပြီး မင်းတာဝန်ကိုယူခဲ့တာအကိုကြီး။ သူများကလေးတွေဘောလုံးကန်နေတဲ့ချိန် ငါကစီးပွားရေးဆိုတဲ့နယ်ပယ်တစ်ခုကိုရောက်နေခဲ့ရပြီ။ အများကြီးစွန့်လွှတ်ခဲ့ပေမယ့် အာ့အရာတွေထဲမှာ ထယ်ယောင်းတော့ပါမယ်မထင်ဘူး
ဘာအသံမှထွက်မလာလို့ ဂျောင်အူလှည့်ကြည့်တော့ ငူငူကြီးရပ်နေတဲ့ဂျောင်ဂု
သူပြောတာကိုကြားရော ကြားလိုက်ရဲ့လား ဒီကလေးဘာဖြစ်သွားတာလဲ“ဟေ့ အငယ်ကောင် ဟေ့”
အကိုကြီးကသူ့ပခုံးကို လှုပ်ခါတော့မှအသိဝင်တော့သည်
၊ အများကြီးအတွေးလွန်နေခဲ့တာပဲ“ဘာ..ဘာလဲ အကိုကြီး”
“မင်းကလဲ မင်းသူငယ်ချင်းကိုတော်တော်ကပ်စေးကုပ်တာပဲ ဟေ့ကောင်ရ”
ကပ်စေးကုပ်တာထက်တောင်ပိုတယ်ဆိုတာတော့ အကိုကြီးကိုသိအောင်မပြောပြဖြစ်တော့ပါ
သွေးသားရင်းနဲ့ယှဉ်ပြီးလုရတဲ့အဖြစ်မျိုး တွေးတောင်မတွေးချင်ဘူး။“ကျွန်တော်စာလုပ်တော့မယ်”
ရုတ်တရက်ကြီးဖြစ်ပျက်သွားတဲ့ သူ့ညီရဲ့ပုံစံကြောင့် ဂျောင်အူလဲခေါင်းတကုပ်ကုပ်ဖြင့်သာကျန်ခဲ့ရသည်
သူပြောတဲ့ထဲဘာများမှားသွားတာလဲ စိတ်ဆိုးစိတ်ကောက်တာဖြစ်ခဲတဲ့ ဂျောင်ဂုက အခုသူ့ကိုစိတ်ကောက်သွားတာလား??