အပိုင်း {၁} (Z+U)

1.7K 92 5
                                    


နတ်ဘုရားအဖြစ် ပထမနေ့

UNICODE

နွေဦးရာသီ အစောပိုင်း

လေထုက ဆောင်းရာသီလက်ကျန်ဖြစ်သည့် အအေးဓာတ်အနည်းငယ်ကို သယ်ဆောင်လာပြီး အေးစက်ခြောက်သွေ့နေကာ မိုးဖွဲဖွဲရွာပြီးခါစ မြို့ကြီးမှာ မြေသင်းနံံ့ ​ပါးပါးနှင့် ပြည့်နေခဲ့သည်။

"အားစ်ီ၊ ဘေးစားပွဲက ဆံပင်တိုနဲ့ကောင်မလေး၊ နံရံဘယ်ဖက်နား စားပွဲက ကောင်မလေးနဲ့ တံခါးနဲ့မျက်နှာချင်းဆိုင်က စားပွဲက ကောင်လေး အကုန်လုံးက မင်းကို စကားပါးပေးဖို့ ငါ့ကို အကူညီတောင်းထားကြတယ်။ နားထောင်ချင်လား။" လင်းဇယ်မှာ ဆွံ့အသွားရသည်။ သူ့ညီအစ်ကိုနှင့် အပြင်ထွက်ကြသည့်အခါတိုင်း လျှောက်သွားကြချိန်တွင် ဒီလို ဖြစ်နေကျ အဆုံးသတ်မျိုးနှင့် ၁၀၀ % ဇာတ်သိမ်းနိုင်ခြေရှိသည်။

ဘာဖြစ်လို့ လောကမှာ ပန်းတွေက ပျားတွေလိပ်ပြာတွေကို ဆွဲဆောင်နိုင်သလိုမျိုး လူတိုင်းကို ဆွဲဆောင်နိုင်တဲ့သူမျိုး ရှိနေရတာလဲ။

ယောက်ျားမိန်းမမရွေး သူ့ဆ်ီကို ဝိုင်းအုံလာကြတာက တကယ်လည်း မိုက်တယ်။

နာမည်အခေါ်ခံလိုက်ရသော ဆံပင်အနက်ရောင်နှင့် ကောင်လေးမှာ Starbucks မှ ကော်ဖီတစ်ခွက်ကို သောက်ရင်း ပိုက်ကိုကိုက်ထားသည်။ သူက ပြောလိုက်သည်။ "တော်ပြီ။ မကြားချင်ဘူး။ ဘာလို့ မေးတာလဲ။"

လင်းဇယ်က သူ့ပခုံးများကို တွန့်ပြလိုက်သည်။ "ရုတ်တရက်များ မင်း ချစ်ရမဲ့သူကို ရှာချင်သွားမလားလို့ပါ။ တစ်ယောက်ယောက်ကို ရှာချင်တယ်ဆိုရင် ငါ့ကို ပြောနော်။ ငါ့သူငယ်ချင်းတွေဆီကို ငါ့ဆီ လာငိုကြမယ့်သူတွေကို ရှောင်ချင်လို့ SNS မှန်သမျှ Uninstall လုပ်ထားပါမယ်ဆိုတာကို စာပို့ရဦးမှာမလို့။"

ကျန်းစီက တစ်ဖက်လူ၏ စကားများကြောင့် ပြုံးလိုက်သော်လည်း သူ့ပါးစပ်မဟခင် လင်းဇယ်က ပိုပိုသာသာ သက်ပြင်းချပြလာသည်။ "ငါနဲ့ အပြင်ထွက်တဲ့အခါတိုင်း မပြုံးပါနဲ့လားဟင်။ မင်းပြုံးပြလိုက်တဲ့အချိန်တိုင်း ငါ့ဆီ လူတွေ မင်း WeChat ကို လာမေးကြတာကို သိနေရဲ့သားနဲ့။" ပြောပြီးနောက် ဆက်ပြောသေးသည်။ "ငါက ဖြောင့်တန်းမတ်နေလို့ ကံကောင်းတယ်။ မဟုတ်ရင် လင်းမိသားစုရဲ့ ဆယ့်ရှစ်ဆက်​မြောက်မျိုးဆက်အဖြစ်ကနေ အမွေစွန့်ခံလိုက်ရလောက်တယ်။"

သူတို့၏ ဖန်ဆင်းရှင်Where stories live. Discover now