အပိုင်း {၈} (Z+U)

331 74 0
                                    

အပိုင်း ရှစ် - နတ်ဘုရားအဖြစ် ရှစ်ရက်မြောက်နေ့

ZAWGYI

လရောင်သည် ညနှင့် သဟဇာတဖြစ်သွားပြီး ကျန်းစီ၏ အမြင်တွင် သူရှေ့ရှိ ဒူးထောက်နေသော ငွေရောင်ဆံပင်နှင့် နတ်သားမှာ အလင်းနှင့် အမှောင်တွင်း တစ်စိတ်တစ်ပိုင်း ယှက်နွယ်နေသည်။ ကမ္ဘာပေါ်ရှိ သတ္တဝါများစွာနှင့် အုပ်ချုပ်သူများအကြားတွင်ပင် လူစီသည် အပြီးပြည့်စုံဆုံးသူဖြစ်သည်။

အလွန်စွမ်းအားကြီးသည့် အစွမ်းများ ရရှိထားပြီး လူစီမှာ သူလိုမျိုး လူသားစိတ်နှင့် နတ်ဘုရားလိုလူထက်ပင် လူစီ၏ စရိုက်က ပိုပြီး နတ်ဘုရားဆန်သည်ဟု ခံစားရလေသည်။

လုံးဝ ခိုင်မာအစီအစဥ်ကျ၊ ပြီးပြည့်စုံပြီး ကြည်ညိုစရာကောင်းသည်။ လူစီတစ်ခုခုလိုနေသည်ဆိုပါက ကရုဏာပင်ဖြစ်ပေလိမ့်မည်။ လူစီမှာ ခွဲခြားခြင်းအလျဥ်းမရှိဘဲ သူများကိုသာမက နတ်မျိုးနွယ်များကိုပင်လျှင် ဂရုသိပ်မစိုက်လှပေ။

သူတို့မှာ တစ်ခြားတစ်နေရာတွင် ရှိနေကြပြီး လူစီက သူတို့အား ငုံ့ကြည့်နေသည့်အလားပင်။

ကျန်းစီ တစ်ဖက်သူ၏ အ​တောင်ပံများအား သူ ထိကိုင်နေသည်ကို တွေ့သောအခါ အကြည့်လွှဲလိုက်ပြီး ဒူးတစ်ဖက်ထောက်နေသည့် လူစီက အောက်နားမှ သူ့ကိုမော့ကြည့်နေသည်ကို မြင်လိုက်ရလိုက်ပြီး လုံးဝ အလိုတူဖြစ်လေသည်။

"ဘာလို့ နာနေတာလဲ။" ကျန်းစီက တုံ့ဆိုင်းနေသည့် အမူအရာဖြင့် မေးလိုက်သည်။ "အရင်တုန်းက ဒဏ်ရာရထား ဖူးလို့လား...။"

အဲ့ဒါလည်း မဖြစ်နိုင်လောက်...

အလိုလိုပင် ကျန်းစီမှာ နတ်မျိုးနွယ်၏ အုပ်ချုပ်သူဖြစ်သည့် လူစီ၏ စွမ်းရည်ကို အင်မတန် ယုံကြည်ပြီး ကမ္ဘာက လူနည်းစုလောက်သာ သူ့ကို ဒဏ်ရာရစေနိုင်ပေမည်။ ထို့အပြင် နတ်များ၏ အသက်တမျှ အရေးကြီးသော အတောင်ပံကိုပင် ဒဏ်ရာရစေခဲ့သည်။

"အာဆင်န်ရဲ့ ခုခံအကာရံတွေက ထိန်းထားဖို့ မှော်စွမ်းအင်လိုတယ်။" လူစီက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေသည်။ "အဲ့ဒီစွမ်းအင်ကို နတ်တွေက ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်ကနေ စွမ်းအားထုတ်တဲ့အခါ အတောင်ပံတွေနာတယ်။"

သူတို့၏ ဖန်ဆင်းရှင်Место, где живут истории. Откройте их для себя