အပိုင်း {၅} {Z+U}

347 76 0
                                    

အပိုင်း ငါး- နတ်ဘုရားအဖြစ် ငါးရက်မြောက်နေ့

UNICODE

အရိပ်မျိုးနွယ်က အာဆင်န်ဆီသို့ မရောက်လာမီ နတ်မျိုးနွယ်များမှာ မြို့တော်ကို အလှဆင်ရန် ပျော်ပျော်ကြီး ဆွေးနွေးနေကြပြီး စပြီး ပြင်ဆင်နေကြပြီဖြစ်သည်။ နတ်ဘုရားက အာဆင်န်ဆီသို့ လာခဲ့သောကြောင့် ကောင်းကင်မြို့တော်တွင် နေထိုင်ကြသော နတ်များမှာ အထွတ်ထိပ်တိုင် စိတ်အားတက်ကြွနေကြပြီး တူည်ီသည့် ပန်းတိုင်အတွက် သူမတူသော စည်းလုံးညီညာမှုကို ပြသနေကြလေသည်။

သူ့အတွက်နှင့် နတ်မျိုးနွယ်က မြို့တော်ကို အလှဆင်နိုင်မည့်နည်းများ လေ့လာနေသည်ဆိုသည်ကို ကြားလိုက်ရသောအခါ ကျန်းစီ မျက်ခုံးပင့်ပြလိုက်သည်။ "အာဆင်န်က ဒီအတိုင်းလည်း အဆင်ပြေပါတယ်။ ငါ သဘောမကျတာတွေ မရှိပါဘူး။" ပြီးနောက် ဆက်ပြောသည်။ "အဲ့ဒါကြောင့် အထူးတလည်ပြင်မနေနဲ့။"

ကျန်းစီမှာ ယခု မြို့အပေါ်ထပ်ရှိ အဖြူရောင် နာရီစင်ကြီးပေါ်တွင် ရှိနေပြီး နာရီစင်ပေါ်တွင် အလုပ်လုပ်နေကြသော နတ်များကို ခုန်မိနေစေသည်။ "အားလုံးကိုယ်တိုင်က လုပ်ပေးချင်နေတာပါ"

"ကျွန်တော်တို့က အရှင့်ကို ပိုပြီးလှတဲ့မြို့တော်ကို မြင်စေချင်တာ။"

ထိုသည်က အဓိက အကြောင်းပြချက်ဖြစ်သည်။ ထိုနောက်တွင် နောက်ထပ် တစ်ခုရှိသေးသည်။

သူတို့မှာ အခြားမျိုးနွယ်များကို ပိုပြီးစည်ကားသည့်မြို့တော်ဖြင့် နတ်ဘုရားသည် ရွေးသင့်သောကြောင့်ပင် နတ်မျိုးနွယ်ကို ရွေးချယ်သည် ဖြစ်ကြောင်း ကြေငြာချင်လေသည်။ နတ်မျိုးနွယ် အတော်ကို စိတ်ချမ်းသာနေကြပုံရပြီး ကျန်းစီမှာ ပါးစပ်ဟလိုက်ပြီးနောက် သူတို့ကို နားမချဖြစ်တော့ပေ။

ကျန်းစီမှာ လူမှုဆက်ဆံရေးနှင့် ပက်သက်ပြီး အလွန်အဆင်ပြေသော်လည်း အခြားသူများထံမှ တစ်ဖက်သတ်လက်ခံရသည်နှင့်တော့ မကျွမ်းကျင်ပေ။ ကျန်းစီမှာ ဤသို့ ဘာနှင့်မှတိုင်းတာမနေဘဲ ပျော်ရွှင်စေချင်၍သာ ပေးခြင်းသည် ရှားပါးကာ တန်ဖိုးရှိပြီး လက်ခံရရှိသောသူများမှာ ကံကောင်းသည်ဟု အမြဲခံစားခဲ့ရသည်။

သူတို့၏ ဖန်ဆင်းရှင်Where stories live. Discover now