အပိုင်း {၃} (Z+U)

423 81 1
                                    

UNICODE

နတ်ဘုရားအဖြစ် တတိယမြောက်နေ့

အကယ်၍ နတ်မျိုးနွယ်သာ ဒူးထောက်မည်ဆိုပါက ပုံစံမှာ အတော်ကို ဆန့်ကျင်နေပေမည်။

ကမ္ဘာပေါ်ရှိ မျိုးနွယ်ခြောက်ခုတွင် နတ်မျိုးနွယ်သည် ဘက်ပေါင်းစုံတွင် အထူးချွန်ဆုံး မျိုးနွယ်ဖြစ်သည်- သူတို့၏ မှော်ထိန်းချုပ်နိုင်စွမ်းက အကောင်းဆုံးဖြစ်ကာ ကာယစွမ်းရည်သည်လည်း ထူးခြားပြီး သက်တမ်းမှာလည်း နဂါးမျိုးနွယ်၏ နောက်တွင်ဖြစ်ကာ သူတို့၏ ပုံပန်းသွင်ပြင်မှာလည်း ထူးကဲလှလေသည်။

ထို့ကြောင့် ဂုဏ်မြောက်စွာ မွေးဖွားလာကြသည်။

သူတို့၏ ပင်ကိုယ်စွမ်းအားများက အားနည်းသည့်မျိုးနွယ်များကို တန်းတူအဖြစ်မြင်ပေးရန် ခက်ခဲစေပြီး သူတို့၏ မာနနှင့် ကိုယ့်ကိုယ်ကို အဟုတ်ထင်ခြင်းမှာ အခြား မျိုးနွယ်များအား ဦးညွှတ်စေရန် မဖြစ်နိုင်ခဲ့။

နတ်မျိုးနွယ်၏ အုပ်ချုပ်သူအဖြစ် လူစီ၏ ဆန့်ကျင်ဖက် နာခံနေသည့် အမူအရာမှာ ကျန်းစီကို ပိုပြီး စိတ်ထဲ လေးစေသည်။

သူက အတော်ကို ယဥ်ကျေးပြီး နာခံသော်လည်း သူမေးလိုက်သည့် မေးခွန်းမှာ ကျန်းစီ ဘယ်လိုနည်းနှင့်မှ ဖြေလို့ရသည့် မေးခွန်းမဟုတ်ပေ။

နတ်မျိုးနွယ်၏ မျက်လုံးထဲတွင် လူသားမျိုးနွယ်မှာ ထည့်ပြောနေစရာကိုမလိုပေ။ နတ်မျိုးနွယ်က လူသားမျိုးနွယ်အား အဖက်မလုပ်ခဲ့သည်မှာ လူသားမျိုးနွယ်သည် အားနည်းလွန်းသဖြင့် စိတ်ဝင်စားလောက်စရာ ဘာမှမရှိသောကြောင့်ပင်။ သို့သော် လူသားများသည် နတ်ဘုရား၏ အသားပေးခြင်းကို ခံရပြီး နတ်ဘုရား၏ စိတ်ထဲတွင် နေရာတစ်နေရာကို ယူထားသည်ဟု ပြောကြသဖြင့် နတ်မျိုးနွယ်မှာ လူသားတို့ကို လုံးဝပြောင်းလဲသွားသည့် အမြင်ဖြင့် မြင်ကြတော့သည်။

အထူးသဖြင့် အဖက်မလုပ်နေရာကနေ တစ်ခါတည်း သူတို့ ပစ်မှတ်များကို အကျဥ်းချထားပြီး အတော်ကို မရှုစိမ့်သည့်အကြည့်နှင့် ကြည့်ကြလေသည်။

ကျန်းစီမှာ မေးခွန်းကိုကြားလိုက်ရပြီး စက္ကန့်အတော်ကြာသည့်တိုင် အဖြေမပေးသေးသောကြောင့် ငွေရောင်ဆံနွယ်နှင့် နတ်သားဆီမှ ခပ်ဆိတ်ဆိတ်အကြည့်တစ်ချက်ကို လက်ခံရလိုက်သည်။

သူတို့၏ ဖန်ဆင်းရှင်Donde viven las historias. Descúbrelo ahora