အပိုင်း {၂} (Z+U)

495 79 0
                                    


နတ်ဘုရားအဖြစ် ဒုတိယမြောက်နေ့

UNICODE

ငွေရောင်ဆံနွယ်များ၊ ဘယ်ဖက်မျက်လုံးက ရွှေရောင်တောက်တောက်၊ ညာဖက်မျက်လုံးက မိုးပြာရောင် နှင့် အတောင်ပံခြောက်ခု။ ထို ဝိသေသသုံးခုနှင့်ပင် သူ့ရှေ့ရှိ နတ်သား မည်သူဆိုသည်ကို ကျန်းစီ ချက်ချင်းသိလိုက်သည်။

"လူစီ။" ကျန်းစီသည် ထိုသူ၏ နာမည်ကို အလိုလို ခေါ်လိုက်မိသည်။

နတ်ဘုရားအား ချစ်မြတ်နိုးမှုသည် ဖန်ဆင်းခံများ၏ ပင်ကိုဗီဇဖြစ်ပြီး ဖန်ဆင်းသူ၏ ခေါ်ဆိုမှူကို ငြင်းဆန်ရန်မှာ ဖန်ဆင်းခံများအတွက် ခက်ခဲလှသည်။ ခေါ်သံကို ကြားသောအခါ လူစီမှာ ဇီဝိန်သစ်ပင်ဆီ ဆက်တိုးသွားပြီး သင့်တော်သည့် အကွာအဝေးသို့ရောက်သော် ဒူးတစ်ဖက်ထောက်ချလိုက်သည်။

ခေါင်းကို ဦးချကာ ပြောသည်။ "အကျွန့်ရဲ့ နတ်ဘုရားသခင်။"

ထိုကိုယ်ဟန်နှင့်အတူ သူ့နောက်ကျောရှိ ဖြူဖွေးသော အတောင်ပံခြောက်ခုသည်လည်း ညွှတ်ကျသွားပြီး ထိပ်ဖျားများက မြေကြီးဆီသို့ လေးစားသမှုနှင့် အညံ့ခံသည့်အမူအရာနှင့် ထိထားသည်။

ကျန်းစီမှာ ထိုအချိန်တွင် အံ့အားသင့်သွားရပြီး ခပ်လှမ်းလှမ်းရှိ ကျန်နေသော နတ်သားသုံးယောက်လည်း ဇီဝိန်သစ်ပင်ဆီသို့ အပြေးလာကြကာ စကားတစ်ခွန်းဆိုပြီးနောက် သူ့ရှေ့ ဦးချကြလေတော့သည်။

"အရှင်နတ်ဘုရား။"

လူစီ၏ အသံနိမ့်နိမ့်ထက်စာလျှင် နတ်သားသုံးယောက်၏ အသံမှာ ပိုပြီး ဝမ်းသာအားရကာ သူတို့၏ ပီတိမှာ လျှံကျမတတ်ပင်။

ကျန်းစီ နှုတ်ခမ်းများကို သပ်လိုက်သည်။ မဖြစ်သေးဘူး။ ဒါကြီးက မဟုတ်သေးဘူး။ ဒါကို သူမခံနိုင်ဘူး။

"ဒူးထောက်စရာမလိုဘူး။" ကျန်းစီက အမြန်ပြောလိုက်သည်။

ကျန်းစီမှာ လူစီနောက်တွင် မတ်တပ်ရပ်နေကြသည့် သုံးယောက်ထံမှ တောက်ပနေသည့် အကြည့်များကို ချက်ချင်းလက်ခံရလိုက်သည်။

သူတို့၏ မျက်လုံးများမှာ အလွန်ကို ကြည်ညိုနေကြပြီး သူတို့၏ ပင်ကိုယ်ဗီဇနှင့် လုံးဝ လေးစားမှုက ကျန်းစီထံမှ အကြည့်လွှဲရမည်ကို ခက်ခဲစေသော်လည်း တစ်ချိန်တည်းတွင် နတ်ဘုရားက သူတို့အား သတိထားမိစေလိုစိတ်နှင့်လည်း သူတို့ စိတ်ထဲတွင် ပြည့်နေတော့သည်။ နတ်ဘုရားက သူတို့ကို သတိ​ပြုမိပြီး နတ်ဘုရားအား သူတို့ကိုကြည့်ရှူစေချင်သည်...

သူတို့၏ ဖန်ဆင်းရှင်Where stories live. Discover now