အပိုင်း {၁၅} (Z+U)

353 75 4
                                    

UNICODE

အပိုင်းတစ်ဆယ့်ငါး - နတ်ဘုရားအဖြစ် ဆယ့်ငါးရက်မြောက်နေ့

အခန်းထဲတွင် အိုင်ဗီ၏ အသံတစ်ခုတည်းသာလျှင် ရှိလေပြီး နောက်ဆုံးနှစ်ခွန်းကို ပြောလိုက်သောအခါ သူ၏အသံမှာ ပိုပြီးပင်နိမ့်သွားကာ လက်ချောင်းထိပ်များက ဖောင်တိန်ကို ဆုပ်ကိုင်ထားသည့် အင်အားကြောင့် ဖြူဖပ်လာသည်။ မွေးကတည်းက မပွင့်လင်းတတ်သူအား သူတို့စိတ်ထဲကအတိုင်း ရိုးရိုးသာသားပြောခိုင်းရသည်မှာ မလွယ်ကူပေ။

ရိုးသားရခြင်းက အိုင်ဗီ့ဖက်တွင် အတော်လေးကို ကြိုးစားအားထုတ်ထားရသည်။ သူသည် လိမ်ညာတတ်သူမဟုတ်သော်ငြား သူ၏ အတွင်းစိတ်ကို အလွယ်တကူထုတ်မပြတတ်သူဖြစ်သည်။ ထိုစိတ်ဓာတ်၏ ကနဦးရင်းမြစ်မှာ နတ်ဘုရားက နတ်မျိုးနွယ်ကို မျက်နှာသာပိုပေးသည်ဟု သူခံစားခဲ့ရသည့်အချိန်မှ စ၍ဖြစ်ပေမည်။

တစ်စုံတစ်ခုအား ထိုအ​ကြောင်းပြောဆိုရုံနှင့် မရနိုင်ဘူးထင်ပါက မပြောလိုက်သည်က အရိုးရှင်းဆုံးပင်။

လူစီကို နတ်ဘုရားကိုယ်တိုင်က နာမည်ပေးခဲ့သောကြောင့် အိုင်ဗီထက် ပို၍တန်ဖိုးထားသည်။ အိုင်ဗီက တန်ဖိုးအထားမခံရဟု ခံစားရသောကြောင့် မျက်နှာသာပေးခံရသူသာလျှင် ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်သည့် တောင်းဆိုမှုများကို သူ့တွင် ထုတ်ဖော်ဖွင့်ဟပိုင်ခွင့်မရှိပေ။

အိုင်ဗီမှာ အမြဲတမ်း ထိုသို့တွေးခဲ့သဖြင့် ထိုသို့ 'ပွင့်လင်းမှုမရှိခြင်း' မှာ သူ့စရိုက်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။ နောက်ပိုင်းတွင် ကျန်းစီက သူ့ကိုဂရုစိုက်သည်ဟု ခံစားလာရလျှင်တောင်မှ သူ၏ ဖြစ်တည်လာပြီးသားစရိုက်ကို ပြောင်းလဲ၍မရနိုင်တော့ပေ။

အိုင်ဗီအတွက် ထုတ်ပြောရမလွယ်ကူသည်ကို ကျန်းစီလည်းသိပြီး သူတောင်းဆိုသည်ကိုညကြားသောအခါ တမင်လမ်းလွှဲပေးလိုစိတ်မရှိဘဲ တစ်ဖက်လူနှင့် သိပ်မဝေးသည့်နေရာရှိ စားပွဲခုံတဘေးဖက်တွင် ထိုင်ခုံကိုရွှေ့ကာ ထိုင်လိုက်သည်။

"ဒီမှာ ထိုင်လို့ရတယ်မလား။" ကျန်းစီက သက်တောင့်သက်သာနှင့် အေးဆေးစွာထိုင်နေပြီး သူ့ကို ပခုံးမှကျော်ကြည့်လိုက်သည်။ "မင်းကို အနှောင့်အယှက်ဖြစ်နေလား။"

သူတို့၏ ဖန်ဆင်းရှင်Donde viven las historias. Descúbrelo ahora