အပိုင်း {၁၂} (Z+U)

365 75 0
                                    

UNICODE

နတ်ဘုရားအဖြစ် ဆယ့်နှစ်ရက်မြောက်နေ့

အိုင်ဗီနှင့် လူစီ၏ စရိုက်အရ နတ်ဘုရားသည် တစ်ယောက်ချင်းစီ၏ စိတ်ဆန္ဒကို အလွယ်တကူ လက်ခံပေးတတ်ကြောင်း သူတို့ အမြဲသိခဲ့လေသည်။ နတ်ဘုရားသည် မြင့်မြတ်ပြီး အကြီးမြတ်ဆုံးဖြစ်သောကြောင့် သူတို့သည် နတ်ဘုရားက ခွင့်ပြုမှသာ (သို့) နတ်ဘုရားက အရင်ဦးစွာ ပြုမှုခြင်းမဟုတ်ပါက သူတို့ စိတ်ကြိုက်လုပ်ခွင့်မရှိပေ။

အိုင်ဗီမှာ နည်းနည်းနောက်ကျမှ ရောက်လာသောကြောင့် နဂါးပေါက်စက ကိုယ်တိုင်ပျံပြီး ကျန်းစီ၏ ရင်ခွင်ထဲရောက်သွားခြင်းကို မ​မြင်လိုက်ရသဖြင့် ကျန်းစီကိုယ်တိုင်က အရင်ပွေ့ကိုင်ချင်ခြင်းဟု မှတ်ယူမိလေသည်။

ကျန်းစီမှာ မတ်မတ်ရပ်နေပြီး ရင်းနှီးသည့် အထိအတွေ့ကို ခံစားလိုက်ရသောအခါ မျက်ခွံများ လှုပ်လာသည်။

"အဲ့ဒါဆို မင်းလည်းပဲ ..." ကျန်းစီ ပြောနေရင်း စဥ်းစားလိုက်ကာ ခဏရပ်လိုက်ပြီးမှ ပြီးအောင်ပြောလေသည်။ "ငါ့ကို ပွေ့စေချင်တာလား။"

ထိုမေးခွန်းမှာ တစ်ခါတည်း အိုင်ဗီ၏ ခန္ဓာကိုယ်နှင့် အမူအရာကို အတူတူ​တောင့်တင်းသွားစေကာ စောနကထိ နည်းနည်းစိတ်ဆိုးနေသော သူ့မျက်နှာမှာ မထင်မှတ်ထားသည့် ထိတ်လန့်မှု အနည်းငယ်ကို ပေါ်သွားပုံပေါ်သည်။

ကျန်းစီက အသိပေးလိုက်၍လားမသိ။ သူ့စိတ်ထဲတွင် အဲ့လိုအတွေးတကယ်ကြီး ရှိနေခဲ့ကြောင်း ရုတ်တရက် သဘောပေါက်သွားရလေသည်။

သို့သော် အိုင်ဗီကတော့ တကယ်ဝန်မခံနိုင်။ သူ့တွင် အဖြေမရှိသော်လည်း ကျန်းစီသည် သူ့ကိုကြည့်လိုက်ပြီး ခဏကြာသော် သူ့ရင်ခွင်ထဲရှိ နဂါးပေါက်စကို ပခုံးပေါ်အရင်တင်လိုက်ပြီးနောက် အိုင်ဗီ့နားသို့သွားကာ သူ့အား သေသေချာချာ ပွေ့ဖက်ပေးလိုက်သည်။

ထိုလုပ်ရပ်တစ်ခုလုံးကို တစ်ပြေးတည်းအပြီးလုပ်သွားခြင်းဖြစ်သည်။

ကျန်းစီ၏ ပွေ့ဖက်မှုမှာ ခဏတာဆိုသော်လည်း အိုင်ဗီ၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ကာ တိတ်နေပြီး ကျန်းစီက သူ့အား လုံးဝ ငြိမ်အောင် လုပ်ပေးနိုင်သွားသည့်ပုံပင်။

သူတို့၏ ဖန်ဆင်းရှင်Onde histórias criam vida. Descubra agora