"Cheer ..."
အရက်ခွက်နှစ်ခွက်ကို တိုက်လျက် စက္ကနှင့်မင်းနောင်ခ ကိုယ့်ခွက်ကိုယ်မော့ကြသည်။
"ဒီညမင်းသောက်ချင်သလောက်သောက် ငါအကုန်ရှင်းမယ်"
စက္က စကားကြောင့် မင်းနောင်ခ မျက်ခုံးပင့်တင်မိသည်။ ဒီဘုကလန့် ကောင်သည် အပြောနှင့်အလုပ် အတော်ညီကြောင်း မင်းနောင်ခသိသည်။
"ငါ မသောက်နိုင်ဘူးထင်နေတာလား"
"မထင်ဘူး မင်းရဲ့ Alcohol level က အရမ်းမြင့်တယ်ဆိုတာ ငါသိတယ်"
မင်းနောင်ခ သည် ဘယ်လောက်သောက်သောက်တော်ရုံနှင့်မမူးတတ်ပေ။
"ဟေ့ ကောင် ဟိုဝိုင်းမှာထိုင်နေတာ ဈာန်လင်းထက်မဟုတ်ဘူးလား"
မင်းနောင်ခ လက်ညှိုးညွှန်ရာဖက်ကို စက္ကလိုက်ကြည့်မိသည်။
"ဟုတ်တယ် ဈာန်လင်းထက်ပဲ"
စက္က အသေအချာစိုက်ကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်နှင့်။
"သူနဲ့တဝိုင်းတည်းထိုင်နေတာက မင်းဘုန်းမော်နဲ့လင်းအောင်စည် ကွ။ လာ ငါတို့ သွားဝိုင်းရအောင်"
မင်းနောင်ခသည် ကျောင်းတုန်းက ဆိုးဖော်ဆိုးဖက် သုံးယောက်အား တွေ့တော့ ချက်ချင်ပင်ထိုင်ထိုင်ရာမှထလေသည်။
လက်ထဲမှာလည်း အရက်ခွက်ကို ကိုင်လျက်။တခြား မှာထားသမျှကိုလည်း မနိုင်မနင်းနှင့်သယ်လေသည်။
"လာပါကွာ လူများမှသောက်လို့ကောင်းတာ"
မင်းနောင်ခ စက္ကကို ဂရုမစိုက်ပေ။ခပ်သွက်သွက်ပင် ဈာန်လင်းထက်တို့ ဝိုင်းထံဦးတည်သွားလေသည်။ စက္ကကတော့ အနောက်ကတော့ ကုတ်ကာလိုက်လာသည်။
"ဟေ့ကောင်တွေ မင်းတို့ကို ငါဟိုနားကနေလှမ်းမြင်နေရတာ။အဲတာကြောင့် မနေနိုင်လို့ထလာတာ"
မင်းနောင်ခ အရက်ခွက်ထို စားပွဲပေါ်ချလိုက်ကာ လွတ်နေသည့်နေရာတွင်ဝင်ထိုင်သည်။
"စက္က လည်း ပါလာတာကို မင်းတို့နဲ့မတွေ့ရတာကြာပြီ"
"မင်တို့ ဒီကို ခဏခဏ လာဖြစ်လား"
YOU ARE READING
My Lovely Secretary
RomanceWarning ⚠️ ( U+Z ) A love poem between a young company CEO and his secretary. Start date - 20.10.2021