"ရော့ ဒီမုန့်မလား"
Zion စက္က ရဲ အလုပ်စားပွဲပေါ်သို့ မုန့်အထုတ်လိုက်ပစ်ချလိုက်သည်။
"ဟင် ..."
"ခုနက ခိုးစားနေတာဒီမုန့်ဟုတ်တယ်မလားလို့"
Zion စိတ်မရှည်ဟန်နှင့်ဒုတိယအကြိမ်ထပ်ကာမေးလေတော့မှ စက္က ခေါင်းလေးငြိမ့်ကာ ဖြေသည်။
"အင်း "
"အလုပ်မလုပ်နဲ့တော့ ဒီနေ့တနေ့လုံး ဒီမုန့်မကုန်မချင်းမထနဲ့။ ထိုင်စားနေ"
Zion စကားကြောင့် စက္ကသည် ထိုင်နေရင်းမှ သူ့အရှေ့ရပ်နေသည့် အလုပ်ရှင်အားမယုံကြည်နိုင်ဟန်နှင့်ခေါင်းမော်ကြည့်မိသည်။
"ဟင်"
"ဟင်မနေနဲ့ အပြစ်ပေးတာ"
Zion သူ့ Necktie ကို စေ့စပ်နေအောင်ကိုင်ရင်း ရုပ်တည်နှင့်ဆိုကာ သူ့နေရာသူလျှောက်သွားလေတော့သည်။
Secretaryဖြစ်တဲ့ စက္ကတစ်ယောက်ကတော့ အူတူတူနှင့် ကျန်ခဲ့သည်။
နှစ်ယောက်သားသည်တစ်ခန်းတည်းအလုပ်ထိုင်လုပ်နေရပေမယ့် အလုပ်စားပွဲတို့က မျက်စောင်းထိုး အနေအထားဖြစ်သည်။
စက္က ထိုကဲ့သို့သော အလုပ်ရှင်မျိုးကို မမြင်ဖူးပေ။ မုန့်မစားဘဲ ထိုင်နေရင်တောင် လှမ်းလှမ်းကြည့်နေတတ်တာမို့ သူ့ခမျာ အေးအေးဆေးဆေးပင် ဇိမ်နှင့်ထိုင်စားနေရတော့သည်။
"ပြန်ပို့ပေးမယ်"
ရုံးဆင်းချိန် ထိုင်ရာမှ ထကာ စက္ကအနား ခြေလှမ်းဖွဖွလှမ်းကာ Zion လျှောက်လာသည်။
"ရပါတယ်ဗျာ့ ကျွန်တော်ကိုယ့်ဟာကိုယ်ပြန်လိုက်ပါ့မယ်"
"မရဘူး"
"ဗျာ ..."
Zion ဘယ်လိုတွေဖြစ်နေလဲဆိုတာ စက္ကနားမလည်နိုင်တော့ပေ။
"ခင်ဗျားအာဏာဖီဆန်နေတာလား"
"ဟင် မဟုတ်ပါဘူး"
"ဒါဆို အကြွေးပေး"
"ဟင် ...."
ရုတ်တရက်မို့ ထိုကိစ္စအား စက္က မေ့သွားသည်။
သို့ဖြစ်၍ အာမေဋိတ်တလိုက်ခြင်းဖြစ်သည်။
"ခင်ဗျား တော်တော်ဆိုးတဲ့လူပဲ။ ကျွန်တော့်ကိုပေးရမယ့်အကြွေးတွေကို အလေးမထားတာဘူး "
ESTÁS LEYENDO
My Lovely Secretary
RomanceWarning ⚠️ ( U+Z ) A love poem between a young company CEO and his secretary. Start date - 20.10.2021