"အနောက်မှာလာထိုင်"
ကျွန်တော်ခေါ်တော့ ကြောင်တောင်တောင်ကြည့်ကာ ကျွန်တော့်ဘေး မှာလာထိုင်တယ်။
အလယ်မှာတော့သုံးကမ္ဘာလောက်ခြားတယ်။
ကျွန်တော်အစည်းအဝေးခန်းထဲရောက်တော့ သူ့ရဲ့ MacBook လေးကိုင်ပြီး လိုက်မှတ်နေရှာတယ်။
ချစ်ဖို့ကောင်းလိုက်တာ။ အရှေ့ကဘာပြောသွားလဲ ကျွန်တော် စိတ်တောင်မဝင်စားမိတော့ဘူး။ ကိုကို့ကိုပဲ လှည့်ကြည့်ပြီးခိုးကြည့်နေမိတယ်။
ကျွန်တော် ရူးချင်တယ်။ ကိုကို က မနေ့တနေ့ကမှ သုံးနှစ်ပြည့်တဲ့ ကလေးလိုပဲ။
အစည်းအဝေးလည်းပြီးတော့
"ကျွန်တော် Toilet သွားမလို့ Boss. Boss ကားထဲမှာစောင့်နေပေးလို့ရလား"
"အိုကေ ရတယ်"
သူလှည့်ထွက်သွားတော့ နောက်ကျောလှလှလေးတွေကို ငေးမိတယ်။
ကိုကို က ဘယ်နေရာကကြည့်ကြည့် ကြည့်ကောင်းတယ်။
"Zion ... Zion ဟုတ်တယ်မလား"
ကျွန်တော်ကိုကို့ငေးနေတုန်းကြားလိုက်ရတဲ့အသံ။
ထိုအသံပိုင်ရှင်ဖက်ကိုကျွန်တော်လှည့်ကြည့်တော့ ဘုရား ဘုရား တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ကိုကို့ညီမ နေခြည်အလင်းဆောင်ဖြစ်နေတယ်။
"နေခြည်မလား"
ကျွန်တော်မေးတော့ ခေါင်းကိုငြိမ့်တယ်။
Duty coat နဲ့ဆိုတော့ သူက ဒီဆေးရုံက ဆရာဝန်ဖြစ်မှာပါ။
"ငါဒီမှာ အလုပ်ဝင်နေတာကြာပြီ။ နင်ရော ဘာတွေလုပ်နေလဲ မတွေ့ရတာတော်တော်ကြာပြီနော်"
"အဖေ့ကုမ္ပဏီကို ကူနေတာပါ။ အခုလည်း အသိတစ်ယောက်ကို သတင်းလာမေးတာ"
"နင်ကျောင်းပြောင်းသွားကတည်းကပြန်မတွေ့တော့တာနော်"
"တီချယ်ရော နေကောင်းလား"
ကျွန်တော့်ယောက္ခမကြီးကို သတိတရမေးရမယ်။နောက်ဆို သူ့သားနဲ့ကျွန်တော်က တရားဝင် ချစ်သူတွေဖြစ်တော့မှာလေ။
"ကောင်းပါတယ်။အမေကအရင်လိုပဲ။အလုပ် အားရင် အိမ်လာလည်ဦး"
"နောက်လည်းပက်သက်ရမယ့်ကိစ္စတွေရှိလာမှာဆိုတော့ နင်တို့အိမ်ကိုခဏခဏ လာဖြစ်မှာ"
YOU ARE READING
My Lovely Secretary
RomanceWarning ⚠️ ( U+Z ) A love poem between a young company CEO and his secretary. Start date - 20.10.2021