အနေအထားသည်
စက္က က အလုပ်စားပွဲပေါ်တွင် လက်နှစ်ဖက်ကို မသက်မသာနှင့်နောက်ပြန်ထောက်ကာ ကားယားကလေး ထိုင်လျက်ဖြစ်သည်။
Zion ကတော့ စက္က၏ ပေါင်တံသွယ်သွယ်နှစ်ခုကြားမှာ တကိုယ်လုံးအား နေရာယူကာ ဝင်ရပ်နေခြင်းဖြစ်သည်။
"အလုပ်ထွက်လို့မရဘူး။ ကျွန်တော်ခင်ဗျားကို ငါးလစာ ကြိုပေးထားတယ်လေ"
စက္ကရဲ့ ဝေ့ဝဲကျနေသော ဆံပင်ဖြောင့်ဖြောင့် တို့ အား Zion သပ်တင်ပေးကာ ခပ်တိုးတိုးဆိုသည်။
"ပြန်ပေးမယ် ၃၅သိန်းစလုံး တစ်ပြားတစ်ချပ်မှမလျှော့ပဲပြန်ပေးမယ်"
"ခင်ဗျားလက်မှတ်ထိုးထားတဲ့သဘောတူစာချုပ်ကို မဖတ်ကြည့်ရသေးဘူးလား ကိုစက္ကအလင်းဆောင်"
Zion သည် စားပွဲပေါ်တွင် အနေခက်နေသူအား ဆောင့်ဆွဲကာ သူ့နှင်ပိုနီးစေရန်ပြုပြင်လိုက်သည်။
"ဟင် ..."
လက်မှတ်ထိုးသည့်နေ့က အပျော်လွန်ကာ စာချုပ်ပါအချက်များအား စက္က မဖတ်လိုက်ပေ။
"ပြမယ် ..."
စက္ကထိုင်နေသည်က Zion ၏ အလုပ်စားပွဲ ပေါ်တွင်ဖြစ်သော်လည်း အံဆွဲနှင့် ဆန်ကျင်ဖက်ဖြစ်သည်။
( A/N အလုပ်စားပွဲမှာဗျာ နှစ်ဖက်ရှိတယ်လေ။ တစ်ဖက် က အလုပ်ရှင်ထိုင်ပြီး တစ်ဖက်က တခြား လူတွေ ထိုင်တာလေ။ အခု စက္က က အလုပ်ရှင်နဲ့ မျက်နှာချင်းဆိုင်ဖက်မှာ အိပ်ခဲ့တာမို့ သူအခုထိုင်နေတဲ့ စားပွဲနေရာ က အလုပ်ရှင် ထိုင်တဲ့နေရာနဲ့ မျက်နှာချင်းဆိုင် )
Zion လက်လှမ်းကာ သူ့ ရဲ့ အံဆွဲကို ဆွဲဖွင့်သည်။
"ရော့ ... ဖတ်ကြည့်"
သူ လှမ်းယူလိုက်သည့် စာချုပ်အား စက္ကလက်ထဲ ထည့်ပေးသည်။
စက္က ရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ ခပ်သွက်သွက်ပင် စာချုပ်ကို ဖတ်လျှင်
"ဟင် .." ခနဲဖြစ်သွားကာ
"ဒီမှာ ခင်ဗျား တမင်သက်သက်လုပ်တာမလား။ ကျွန်တော် ခင်ဗျားနဲ့ ပြဿနာတက်ပြီး အလုပ်ထွက်မယ်ဆိုတာ ခင်ဗျားကြိုသိနေလို့ အလုပ်ထွက်ရင် ငါးလစာရဲ့ ငါးဆကိုလျှော်ကြေးပေးရမယ်လို့ စာချုပ်ထဲထည့်ရေးထားတာမလား"
CZYTASZ
My Lovely Secretary
RomansWarning ⚠️ ( U+Z ) A love poem between a young company CEO and his secretary. Start date - 20.10.2021