"အမေမှတ်မိသေးလား သမီးတို့ရှစ်တန်းတုန်းကလေ အိမ်မှာ Guide တက်ကြတဲ့ ကလေးတွေကိုလေ"
နေခြည်အလင်းဆောင် အိမ်ရောက်ရောက်ချင်း အိတ်ကိုချကာ အမေဖြစ်သူအား ကပျာကယာမေးနေခြင်းဖြစ်သည်။
"မှတ်မိတယ် တပည့်တွေကိုတော်ရုံနဲ့ မမေ့ဘူး"
"ဒီနေ့လေ Zion နဲ့တွေ့လာတယ်အမေ"
အမေဖြစ်သူရဲ့လက်ကို အတင်းလှုပ်ကာ ခပ်ကာ ပြောနေလေတော့သည်။
"နေဦး Zion ကို ငါမှတ်မိပါတယ်။ အဲကလေး က ..."
"အော် အမေကလည်း သမီးကို ညီမလေးညီမလေးဆိုပြီး စစနေတဲ့ တစ်ယောက်လေ။ သူ့အဖေ က UK မှာလား မသိဘူးလေ အမေရယ် မှတ်မိလား"
"အော် သိပြီသိပြီ ဒီကလေးကျောင်းပြောင်းသွားတယ်မလား"
"ဟုတ်တယ် အမေ အခုပြန်တွေ့တော့ သမီးကို မှတ်မိနေတာ။အမေ့ကိုတောင်နေကောင်းရဲ့လားမေးနေသေးတယ်"
နေခြည်က ဝမ်းသာလုံးဆို့ကာပြောနေသည့်အလားပင်။မျက်နှာနုနုလေးများ နီမြန်းလျက်။
"သူ အမှတ်ရနေတာနေမှာပေါ့"
"အမေ သူ့ကို အိမ်လာလည်ဦး ဘာညာ ပြောတော့လေ နောက်လည်း အမျိုးတော်ရမှာဆိုတော့ ခဏခဏ လာဖြစ်မှာတဲ့။ သမီးကိုစိုက်ကြည့်ပြီး အဲလိုပြောတာ"
"ဟေ ...ငါ့သမီးကို အဲလိုပြောတယ်ပေါ့"
"သူ့ကို သမီး ငယ်ငယ်ကတည်းက သဘောကျခဲ့တာ။သူလည်း သဘောကျနေတာများလားမသိဘူး"
"အော် ငယ်ချစ်ဟောင်းနဲ့ပြန်တွေ့တယ်ပေါ့"
သားအမိနှစ်ယောက်ရယ်လျက်။
"ဒီနှစ်ဝါကျွတ်ရင် ဖိတ်စာရိုက်တော့မယ် သမီးတော့"
"လုပ်မနေနဲ့ နင့်အကို သုံးဆယ်ပြည့်တော့မယ် အခုထိ ဘာမှဖြစ်ဖြစ်မြောက်မြောက်ရှိမလာဘူး။ ရည်းစားကလည်းမရှိ။ ရှေ့ကားက မထွက်တော့ အနောက်ကားက ဘယ်လိုထွက်ရမှာတုန်း"
"မသိဘူး သမီးတော့ကျော်တက်လိုက်မှာပဲ။အမေ့သားကို သမီးကျော်တက်တာမမြင်ချင်ရင် မိန်းမအမြန်ပေးစားလိုက်တော့အမေ"
YOU ARE READING
My Lovely Secretary
RomanceWarning ⚠️ ( U+Z ) A love poem between a young company CEO and his secretary. Start date - 20.10.2021