"ဟင် ..."
အခန်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူအား စက္ကရုတ်တရက်တွေ့လိုက်ရသည်မို့ အသည်းထဲ အေးခနဲဖြစ်သွားကာ အနည်းအကျဉ်းလန့်မိသည်။
"ဘယ်လိုရောက်လာတာလဲ Boss"
စက္က အဖြူရောင်သွားတန်းလေးများထင်းခနဲပေါ်အောင်ခပ်ရေးရေးလေးပြုံးကာမေးလေတော့
"အခန်း Passwords ကိုသိနေတာပဲ"
ရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ လက်ထဲဆွဲလာသည့် အထုတ်နှင့် အတူ Zion မီးဖိုချောင်အတွင်းသို့ ခြေလှမ်းကျဲကျဲဖြင့်ဝင်သွားလေသည်။
စက္က က တော့ မသက်မသာဟန်လေးနှင့် ခန္ဓာကိုယ်ခပ်သေးသေးလေးအားလှုပ်ယမ်းကာ လိုက်လာရှာသည်။
"ဘယ်လိုဖြစ်လို့ အနောက်ကလိုက်နေရတာလဲ လန့်လိုက်တာ"
Zion က ပေါ့ပေါ့ပါးပါးဝတ်ထားသည်။ အဖြူရောင် ရှပ်အင်္ကျီခပ်ပွပွဆိုသော်လည်း Gucci တံဆိပ်ဖြစ်သည်မို့ ဈေးအတော်ကြီးပုံရသည်။
ထိုအင်္ကျီနှင့် စတိုင်ဘောင်းဘီအနက်ရောက်ကိုတွဲဝတ်ထား၏။ Zion ၏ လူငယ်ဆန်ဆန်ကြည့်ကောင်းမှုတို့သည် အစစအရာရာပြည့်စုံသူမို့ အပြစ်တင်ရက်စရာ တစ်ကွက်မှ ရှာမတွေ့ပေ။
အင်္ကျီအား ဘောင်းဘီအတွင်းသို့ ထည့်ဝတ်ထားခြင်းမဟုတ်။ အပြင်သို့ ထုတ်ကာ ဝတ်ထားသည်။ အမြင်တမျိုးဖြစ်သော်လည်း အတော်ပင်ကြည့်ကောင်းနေသည်။ ဆံပင်ပုံစံကား ဘေးနှစ်ဖက်တွင်ပါးပြီး ကျန်နေရာများတွင် ဖြောင့်စင်းကာ ထူးနက်နက်ဖြစ်သည်။
နှာတံစင်းစင်းနှင့် မျက်ခုံးနက်နက်တို့ကတော့ Zion ၏ အားသာချက်တစ်ရပ်ဖြစ်သည်။ နှုတ်ခမ်းတို့ က ယောက်ျားဆန်ဆန်ထူမနေ။ ခပ်ပါးပါးဖြစ်သည်။ တစ်ခါတလေ စကားအပြောများရင်တောင် နှုတ်ခမ်းက ထော်ချင်ချင်ဖြစ်နေတတ်သည်။
စက္က Zion ရဲ့အားသာချက်များအား တစ်ချက်ချင်း ရှုမိသည်။
"Mask က မျက်နှာထက်ကြီးနေတယ်"
Skin care နေသည့် Secretary အား Zion နှစ်ကိုယ်ကြားလေးပြောလိုက်သည်။
"အိပ်ရေးပျက်တာများလို့ မျက်နှာအသားရေတွေ မွဲခြောက်ခြောက်ဖြစ်နေတယ်လေ။ အဲမို့ Mask ကပ်ထားတာပါ"
DU LIEST GERADE
My Lovely Secretary
RomantikWarning ⚠️ ( U+Z ) A love poem between a young company CEO and his secretary. Start date - 20.10.2021