26 ( U+Z )

2.6K 113 12
                                    

"ကိုကို ..တံခါးဖွင့်ပါဦး"

အပေါ်ထပ်ခိုးမှ အင်္ကျီပင်မဝတ်ဘဲပြေးဆင်းသွားသူသည် အောက်ထပ်ရှိသူ့အခန်းထဲသို့ပြေးဝင်ကာ တံခါးလော့ချထားလိုက်ခြင်းကြောင့် Zion ခေါ်နေရခြင်းဖြစ်သည်။

"ကိုကို ..."

အိပ်ခန်းတံခါးကို တဘုန်းဘုန်းထုရိုက်သော်လည်း အခန်းထဲမှလူသည် မည်သို့မျှတုံ့ပြန်ခြင်းမရှိပေ။

"ကျွန်တော်တောင်းပန်ပါတယ် ကိုကိုတံခါးဖွင့်ပေးပါဦး"

Zion အမျိုးမျိုးဖြောင်းဖျကာ အော်ခေါ်သော်လည်း စက္က က တံခါးမဖွင့်ပေးသည့်အပြင် စကားတစ်ခွန်းမျှပင်ပြန်မပြောခဲ့ပေ။

"အိုကေ ကျွန်တော် မပြန်ဘူး"

Zion ဘာမှဆက်ပြောမနေတော့ဘဲ ဧည့်ခန်းထဲရှိဆိုဖာထံသို့ခြေလှမ်းများ နှေးတိနှေးတုံ့နှင့်လှမ်းသွားလိုက်သည်။

ထို့နောက် ကျောကိုခင်းကာ လှဲလိုက်သည်။

အမျိုးအမည်မသိတဲ့ ခံစားချက်များအပြိုင်အဆိုင်နိုးထနေသည်။

သူ စက္ကအားချစ်သည်။သို့ပေမယ့်လည်း စက္ကကတော့ သူ့ ကို အမြဲ ရှောင်ပြေးနေတတ်သည်။

လွန်ခဲ့သော ဆယ်နှစ်တုန်းကလို သူ အငြင်းခံရဦးမလား ...

အားတိုင်း ဝင်တတ်တဲ့ အတွေးကြောင့် အသက်ရှူမဖြောင့်နိုင်ပေ။

အခုလည်း အခြေအနေဟန်နေကာမှ စက္ကက ရုန်းကာ အတင်းထွက်ပြေးခြင်းဖြစ်သည်မို့ Zion အတွေးခေါင်မိသည်။

အချိန်မည်မျှလစ်ဟင်းသွားသည်ကိုပင် သတိမထားမိပေ။ မှေးခနဲဆိုပြီး အိပ်ပျော်ခြင်းသည် တရေးတမော ဟူသော သတ်မှတ်ချက် ကို ကျော်လွန်သွားလေသည်။

"Zion ..."

တညင်တသာ ခေါ်လာတဲ့ အသံချိုချိုကိုကြားမိကာမှ မျက်ခွံလေးလေးလံလံတို့အား အရှိန်ယူကာ ဖွင့်မိသည်။

ဝေ‌ဝါးနေသော အမြင်အာရုံတွင် လိမ္မော်ရောင်ရင့်ရင့် ကို ဝတ်ထားသည့် ကောင်ငယ်လေးက ထင်းခနဲပေါ်လာသည်။

"ကိုကို ..."

"မင်း အိပ်ပျော်နေတာလား"

တဆက်တည်းမေးလာတဲ့ စကားစုလေးကြောင့် Zion ခေါင်းငြိမ့်ပြလိုက်သည်။

My Lovely Secretary Donde viven las historias. Descúbrelo ahora