"သားလေးရေ သားလေး"မိခင်ဖြစ်သူရဲ့ခေါ်သံကြောင့် ကစားလက်စအရုပ်တွေပစ်ချပြီးတောက်တဲ့တောက်တဲ့နဲ့ပြေးလာပါသောကောင်ငယ်လေး ဗိုက်ပူပူလုံးလုံးလေးကိုမှ နှုတ်ခမ်းလေးကဆူဆူထော်ထော်လေးနဲ့မို့ ထိုကလေးငယ်ဟာ ချစ်စရာကောင်းဖွယ်အတိ
"ဘာလဲမေမေရာသားကစားနေတာကို"
နှုတ်ခမ်းလေးဆူပြီးပြောလိုက်တဲ့ပေါက်စလေးရဲ့ပါးဖောင်းဖောင်းလေးကို သူ့မေမေတစ်ယောက်လက်နဲ့ဆွဲပြီးနှာခေါင်းလေးကိုအသည်းယားစွာကိုက်မိတော့အော်သံပိစိလေးက ချစ်စရာကောင်းစွာထွက်တာတယ်
"မေမေတို့ဆိုင်စောစောသိမ်းပြီးကမ်းစပ်မှာ
လမ်းလျှောက်ထွက်ရအောင်လေ"ကမ်းစပ်သွားမယ်ဆိုတဲ့အသံလည်းကြားရော အတင်းထဖက်ပါလေရော
"တစ်ကယ်နော်မေမေ"
အင်းလေ သားပဲမနေ့တည်းကပြောနေတာလေ ပြီးတော့ မေမေတို့လည်းမသွားတာကြာနေတော့.
"ယေးးးအာဘွားးအာဘွားးး"
မိခင်ဖြစ်သူတောင်စကားမဆုံးသေးဘူးအတင်းတွေခုန်ပေါက်ပြီးအာဘွားတွေစွတ်ပေးတော့တာပါပဲ တစ်ကယ့်အဆိုးလေးခုနကတော့ ကစားနေတာခေါ်မိလို့ဆူပုတ်ပုတ်နဲ့ အခုကျတော့လည်းတစ်မျိုး ဘယ်လိုပဲနေနေဒီကလေးကိုပဲချစ်နေရတာပဲမလား ဖခင်မေတ္တာကို အပြည့်အဝမခံစားခဲ့ရတဲ့ သူ့အတွက်တော့ သူရဲ့မေမေရှိနေရုံနဲ့တင် သူကျေနပ်နေပါတယ်လေ
ဂျယ်ဂျူကျွန်းကအရမ်းကြီးတော့လူမစည်ကားပေမယ့် ဒေသခံတွေနဲ့ ခရီးသွားတွေကြောင့် လက်ဆောင်ပစ္စည်းရောင်းဆိုင်ဖွင့်ထားတဲ့ ဂျီမင်းတို့သားအမိနှစ်ယောက်အတွက်တော့ အသင့်အတင့်နေနိုင်သည်အထိ ရောင်းရတတ်တယ် တစ်ချို့ဆိုင်စောစောသိမ်းတဲ့ရက်လေးလေးတွေဆို ဂျီမင်းသူ့မေမေနဲ့ ကမ်းစပ်မှာလမ်းလျှောက်ရင်း ခရုလေးတွေ ဂုံးကောင်လေးတွေလိုက်ကောက်ရင်း နောက်နေ့ဆိုင်လာဝယ်တဲ့ဧည့်သည်တွေကို လက်သေးသေးလေးတွေနဲ့တစ်ဆုပ် တစ်ဆုပ်နှိုပ်ယူကာလက်ဆောင်ပေးတာပါခင်ဗျဆိုပြီး အပြုံးချိုချိုလေးနဲ့ ပြောတတ်တဲ့ဂျီမင်းလေးဟာ မေမေ့ရဲ့အချစ်ရဆုံးသော ကြွေရုပ်သေးသေးလေးသဖွယ်