နှာခေါင်းထဲတိုးဝင်လာတဲ့စိမ်းရွှေရွှေအနံ့ကြောင့်
လေးလံနေတဲ့မျက်ခွံတွေကိုအားယူပြီးဖွင့်ကြည့်လိုက်တော့ အဖြူရောင်မျက်နှာတစ်စုံဟာ အုပ်မိုးထားလျှက် တစ်စက်ပြီးတစ်စက်ကျနေတဲ့ အရည်တစ်ချို့ဟာပိုက်တန်းတို့မှတစ်ဆင့် သွေးကြောစိမ်းစိမ်းလေးတွေတိုးဝင်၍ သူ့အားအဖော်ပြုပေးနေသယောင် ပတ်ဝန်းကျင် ကိုမျက်စိကစားမိတော့ အဖြူရောင်နံရံတွေကသာ သူ့အားဆီးကြိုနေသည်...ဘာဖြစ်လို့ ဒီနေရာကိုရောက်နေရတာလဲ memory ကိုပြန်ခေါ်ကြည့်တော့ သူမေမေ့ပေါ်မှာနောက်ဆုံးလဲကျသွားတာပဲ မေမေရော ဘယ်ရောက်နေလဲ ပြီးတော့ Hyungကရော....
"ဂျက်"
ရုတ်တရက် တံခါးဖွင့်သံနဲ့အတူဝင်လာတဲ့ ဆရာဝန်နဲ့ မေမေ
"အာ နိုးပြီပေါ့လူနာက"
"သားနိုးလာပြီပဲ"
သားရဲ့ပျော့ပျောင်းပျောင်းလက်လေးတွေကို ကိုင်ရင်းဆိုလာတဲ့သူမဟာ သူမဘယ်လောက်စိတ်ပူနေခဲ့ရကြောင်း မျက်လုံးတို့မှတစ်ဆင့် ပြောပြနေသလို...
ဆရာဝန်ကတော့ အနားယူလိုက် ဘာညာမှာလိုက်နဲ့ မှာစရာရှိတာမှာပြီး ပြန်ထွက်သွားလေသည်
"သားရယ် မေမေတစ်ကယ်စိတ်ပူနေခဲ့တာ"
"သားတောင်းပန်ပါတယ်မေမေ"
"မဟုတ်တာပဲ နေမကောင်းနေတာကိုအဲ့တာတွေတွေးမနေနဲ့ "
သားလက်လေးတွေကိုပါးမှာကပ်လိုက်ရင်း သူမအပြုံးတို့ဟာ ဝေဆာနေခဲ့သည်
သားလက်တွေက အရင်လို နွေးနွေးလေးပြန်ဖြစ်သွားပြီ..."မေမေ ဘယ်ဆေးရုံကိုရောက်နေတာလဲ"
"ဆိုးလ်က"
"သြော် Hyung ရှိတဲ့နေရာမှာပေါ့"
"အွန်း"
"Hyung ကမလာဘူးလား"
"လာတုန်းက သားကအိပ်ကောင်းတုန်းလေ စာမေးပွဲမနက်ရှိတယ်ဆိုပြီး ပြန်သွားတာ မနက်ကျောင်းပြန်လာရင်ဝင်လာခဲ့မယ်တဲ့"
"အော် "
တစ်ကယ်ဆိုသိပ်တော့မကျေနပ်ချင် ကိုယ့်ညီဒီလောက်ဖြစ်တာတောင် နေနိုင်တာ ...စာမေးပွဲရှိလည်း စာအုပ်ယူလာပြီး နိုးတဲ့အထိထိုင်စောင့်နေတော့ ဘာဖြစ်မှာကျလိူ့ စာကိုတောင်မနာလိုလာပြီ