TURQUOISE (7)

1.2K 145 1
                                    

"ဝိုး လှလိုက်တာ"

Namsun Towerကိုအစအဆုံးမော့ကြည့်ပြီးတအံတသြ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ပြောလာတဲ့ဂျောင်ကုကိုမြင်တော့ ငယ်ငယ်တုန်းကဟာလေးတွေကိုပြန်သတိရမိသေး တစ်ခုခုဆို ကိုကိုဒါက ဒီလိုလေးလား ဒါကြီးကမိုက်လိုက်တာဆိုပြီးပြောလာတဲ့ကလေးငယ်ဟာ အခုတော့ သူ့ရှေ့မှာပင်ကောင်းကောင်းကြီးပြင်းလာလေရဲ့ မျက်လုံးပြူးပြီးပြောတဲ့အကျင့်လေးကတော့ ခုထိမပြောင်းသေး

"သွားကြရအောင်"

"ဟုတ်"

ထွက်ခွာသွားတဲ့ကိုယ်နှစ်ခုနောက်ကိုထပ်ကြပ်မခွာလိုက်လာတဲ့အရိပ်တစ်စုံကတော့ ရှိခဲ့လေရဲ့ တစ်ဆင့်ချင်းဆီတတ်သွားတဲ့ဓာတ်လှေကားထဲကကောင်လေးနှစ်ယောက်ဟာ သူတို့ကိုဒေါသတကြီးကြည့်နေမိတဲ့အရိပ်တစ်ခုရဲ့ မျက်လုံးတစ်စုံကိုလည်းသတိမထားမိခဲ့

"Hyung ပြန်ကိုင်ထား"

"ဘာကြောက်စရာလိုလို့လဲ လူတွေအများကြီးရှိတာကို"

"မရပါဘူး ကိုင်ပါဆို"

လက်ကိုမျက်နှာရှေ့အတင်းထိုးပေးရင်း နှုတ်ခမ်းပါးတို့ဟာ ဆူထားလျှက်
ဓာတ်လှေကားထဲက ကောင်မလေးတစ်ချို့ကတော့ပြုံးစိစိဖြင့်

"သိပြီမို့ တိုးတိုးပြောစမ်းပါ"

ဂျောင်ကုလက်အကြီးကြီးတွေကိုပြန်ကိုင်ရင်း
နှစ်ကိုယ်ကြားရုံမျှအသံလေးနဲ့ပြန်ပြောလိုက်တယ်
Hyung နဲနဲတော့ရှက်နေတယ်ဆိုတာသိလိုက်ပြီပါးကလည်းမဆိုသလောက်လေးရဲလို့ မရပါဘူး ပြန်စချင်တာနဲ့ပဲ

"ဟမ် ဘာကြီး"

တမင်တကာ အသံကိုမြှင့်ပြီးမေးလိုက်တော့မျက်စောင်းကထိုးပါလေရော

"တိုးတိုးပြောဆို"

"ဘာပြောတာ"

"တိုးတိုး"

"ဟမ် ချစ်တယ်ဟုတ်လား"

"ဝိုး "
"ရှပြီဟေ့"

ကောင်မလေးတွေက ထအော်တော့ ရှက်ပြီးခေါင်းကြီးငုံးထားတာ အံကလည်းကြိတ်ထားသေး
ဂျောင်ကုဆိုတဲ့အော်သံပိစိလေးကတော့ ဓာတ်လှေကားအနှံ့ဖုံးလွှမ်းသွားလေရဲ့

𝐓𝐮𝐫𝐪𝐮𝐨𝐢𝐬𝐞Where stories live. Discover now